Issue 53

Coco Easy အားတည်ထောင်သူတစ်ဦးဖြစ်သလို၊ မန်းနေဂျင်းဒါရိုက်တာတစ်ဦးလည်းဖြစ်သည့် Bunphot Kliaphungphit မှ တီထွင်ဆန်းသစ်မှုက အုန်းရည်ကြိုက်နှစ်သက်ကြသူများ မိမိတို့ ၏အုန်းသီးကို မည်သို့  မည်ပုံ လွယ်ကူစွာခွဲနိုင်ကြောင်း Horizon နှင့်ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

Coco Easy ရဲ့ နောက်ကွယ်က စိတ်ကူးအိုင်ဒီယာက ဘာပါလဲ။

အဲဒါက အုန်းရည်သောက်ချင်ပြီး အုန်းသီးခွံကို အကောင်းဆုံး ဘယ်လိုခွဲရမလဲဆိုတာကို မသိတဲ့ ကျွန်တော့်ရဲ့  အတွေ့ အကြုံကနေပေါ်လာတာပါ။ အကောင်းဆုံးအောင်မြင်မှုရလာဒ်ကို ၂၀၁၃ ခုနှစ်မှာ မရမီအချိန်အထိ ကျွန်တော်ရဲ့ အချိန်ကို စမ်းသပ်မှုတွေ၊ အမှားအယွင်းတွေနဲ့ ၁၀ နှစ်လောက်ဖြတ်ကျော်ခဲ့ရတာပါ။ အောင်မြင်မှု ရပြီးတော့ အဲဒီနှစ်ထဲမှာပဲ Coco Easy တီထွင်မှုအတွက် မူပိုင်ခွင့် မှတ်ပုံတင်လိုက်ပါတယ်။ ကျွန်တော့်ရဲ့  တီထွင်ဆန်းသစ်မှုကြောင့် စားသုံးသူတွေကလည်း အုန်းသီးထဲက အုန်းရည်ကို ဗူး၊ ပုလင်းတွေလိုမျိုး လွယ်လွယ်ကူကူ တိုက်ရိုက်သောက်သုံးနိုင်ကြပါပြီ။ ကျွန်တော်တို့ က စက်ဝိုင်းပုံအပေါက်လေးနှစ်ပေါက်ကို အုန်းသီးခွံပေါ်မှာထွင်းထုပြီး အပေါက်သေးလေးမှာ ဆွဲဖွင့်ရမယ့် အဖုံးခွံ ring-pull ကိုတပ်ထားပါတယ်။ အုန်းရည် သောက်ဖို့ အတွက် အဲဒီ ring-pull လေးကို လွယ်လွယ်ကူကူဆွဲဖွင့်ပြီး သောက်သုံးနိုင်ပါတယ်။ အုန်းသားကို စားချင်တယ်ဆိုရင် အပေါက်ကြီးထဲက အုန်းခွံကိုလက်နဲ့ ဆွဲဖယ်လိုက်ရုံပါပဲ။

အဓိကဖောက်သည်တွေက ဘယ်သူတွေပါလဲ။

Coco Easy က ပြည်တွင်းမှာဆိုရင် ဂေါက်သီးရိုက်ကစားသမားတွေနဲ့ နိုင်ငံခြားသားခရီးသွားတွေကို ဦးတည် ထားပါ တယ်။ ကျွန်တော်တို့ ရဲ့ ကုန် ကို ဂေါက်ကွင်းတွေ၊ ဟိုတယ်တွေ နဲ့ စိုင်ယမ် ပါရာဂွန်မှာရှိတဲ့ Gourmet Market နဲ့  Tops မားကက်တွေလိုမျိုး စူပါမားကက် အတော်များများမှာ ဖြန့် ဖြူးရောင်းချပါတယ်။ တရုတ်၊ အာရပ် စော်ဘွားများပြည်ထောင်စု၊ ယူကေ၊ ဂျာမနီ နဲ့ အခြားဥရောပတိုင်းပြည်တွေကိုလည်း တင်ပို့ ရောင်းချ ပါတယ်။

အုန်းရည်ဈေးကွက်အတွက် ကြိုတင်ခန့် မှန်းချက် ကဘာများဖြစ်နိုင်ပါသလဲ။

ဈေးကွက်ကတော့ တဖြည်းဖြည်းနဲ့ ကြီးမားလာမှာပါ။ ကျန်းမာရေးအသိရှိကြတဲ့ စားသုံးသူတွေနဲ့  အော်ဂဲနစ် ထုတ်ကုန်တွေကို နှစ်သက်ကြတဲ့ စားသုံးသူတွေကို ကျေးဇူးတင်ပါတယ်။ တရုတ် နဲ့ အမေရိကန် စတဲ့ နိုင်ငံ အတော်များများမှာ အုန်းရည်ရဲ့ ဝယ်လိုအားမြင်တက်လာနေပါတယ်။

Coco Easy နဲ့ ပြိုင်ဘက်တွေ ရဲ့ ကွဲပြားချက်က ဘာပါလဲ။

Coco Easy က အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကိုပဲရောင်းပါတယ်။ ဈေးနှုန်းလျှော့ချပြီးတော့ လည်း အခြား အမှတ်တံဆိပ်တွေနဲ့ မယှဉ်ပြိုင်ပါဘူး။ အရည်အသွေးအကောင်းဆုံး အုန်းပင်တွေကို စိုက်ပျိုးကြတဲ့ ရာ့ခ်ျဘူရီ (Ratchaburi) နဲ့ စမွတ် စာခေါ် (Samut Sakhon) ဒေသတွေကနေထွက်တဲ့ နုပျိုလတ်ဆတ်တဲ့ အုန်း စိမ်းတွေကိုပဲ ရောင်းပါတယ်။ ဒါ့အပြင်၊ စားသုံးသူတွေ အချိန်တိုင်း၊ နေရာတိုင်းမှာ အုန်းသီးခွံကို ဘယ်လို ခွဲစိတ် ရမလဲဆိုတာကို ပူပန် စရာမလိုပဲနဲ့  အုန်းရည်ကို လွယ်လွယ်ကူကူသောက်သုံးနိုင်ပါပြီ။

အနာဂတ် အစီအစဉ်တွေက ဘာတွေပါလဲ။

လက်ရှိ Coco Easy မှာ နေ့ စဉ် အုန်းသီးအလုံးပေါင်း ၃,၀၀၀ ထုတ်လုပ်နိုင်တဲ့စက်ရုံ ပထုံထနီ ခရိုင် (Pathum Thani province) ရန်စစ် (Rangsit district) မှာ ရှိနေပါတယ်။ နောက်ထပ်စက်ရုံတစ်ရုံကို ၂၀၁၇ ခုနှစ်ရဲ့  ပထမနှစ်ဝက်မှာ ရာ့ခ်ျဘူရီ (Ratchaburi) မှာဖွင့်လှစ်ဖို့ ရှိပါတယ်။ ဒီစက်ရုံကို ဖွင့်လှစ်နိုင်ခဲ့မယ် ဆိုရင် နေ့ စဉ် အုန်းသီးအလုံးပေါင်း ၄၀,၀၀၀- ၅၀,၀၀၀ တိုးတက်ထုတ်လုပ်လာနိုင်မှာပါ။ ဈေးကွက်ကိုလည်း အရှေ့  အလယ်ပိုင်း၊ ဥရောပ၊ တောင်ကိုရီးယား နဲ့ အမေရိကန် နိုင်ငံတွေဆီကို ချဲ့ ထွင်ဖို့ စီစဉ်ထားပါတယ်။ အခု သုတေသနအဖွဲ့ အစည်းတစ်ခုနဲ့  Coco Easy ထုတ်ကုန်တွေရဲ့  shelf life (အရောင်းစင်ပေါ်မှဘ၀) ကို တိုးမြင့်ဖို့  အတွက်ဆောင်ရွက်နေပါတယ်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www.coconuteasy.com ၀င်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

 

367497