A Touch of Thai

Issue 42

ထိုင်းခရီးသွားလာရေးလုပ်ငန်း မှ နောက်ဆုံးပေါ်မီးဆလိုက်နည်းပညာများကိုအသုံးပြုမည့် တောင်ပိုင်းရိုးရာအက ကပြဖျော်ဖြေမည့် နေရာအတွက် ကမ်းလင့်ကြိုဆိုခြင်း။

ခရီးသွားလာရေးလုပ်ငန်းကဏ္ဍသည် ထိုင်းနိုင်ငံတွင် အမြဲပင်ကြီးထွားလာနေသည့် ကဏ္ဍဖြစ်ပါသည်။ 2015 ခုနှစ်၏ ပထမ10 လအတွင်း ကမ္ဘာလည့်ခရီးသည် သန်းပေါင်း 24.3 လာရောက်လည်ပတ်ခဲ့ကြသည်။ 2014 ခုနှစ် ပထမ ဆယ်လပိုင်းနှင့် နှိုင်းယှဉ်ပါက 24.75% တိုးတက်လာခဲ့ပါသည်။

ထိုင်းနိုင်ငံတွင် မြောက်ပိုင်းရှိ အေးမြသည့် တောင်တန်းများမှအစ တောင်ပိုင်းရှိ ပင်လယ်ကမ်းခြေများအဆုံး ပြည်တွင်း ပြည်ပ ခရီးသွားများကိုဆွဲဆောင်နေသော လှပသည့် သဘာဝ သာမက လူမှပြုလုပ်ထားသော ကြည့်ရှုလည်ပတ်ရန် နေရာမြောက်မြားစွာ ရှိနေပါသည်။ တိုင်းပြည်တောင်ပိုင်းရှိ မရေမတွက်နိုင်သော ကမ်းခြေများနှင့် ကျွန်းစုများသို့ သွားရာ လမ်းအဖြစ်လူသိများသည့် ကရာဘီခရိုင်တွင် ယခုအခါ ထိုင်းနိုင်ငံတွင် မရှိဖူးသေးသော ပထမဆုံးလည်ပတ်ရန်နေရာ ဖြစ်သည့် PAKA Showpark ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။

အပန်းဖြေစရာဖျော်ဖြေမှုအမျိုးမျိုး စုပေါင်းတည်ရှိနေသည့် အီလူမနိုရာ (Illumanorah) တွင် လှပသည့် ရောင်စုံ LED မီးများ၊ နောက်ခံမီးများ နှင့် မနိုရာ (menorah) ဟုခေါ်တွင်သော ကြည်နူးဖွယ်တောင်ပိုင်းရိုးရာအက အလှကိုလည်း တွေ့  မြင်ခံစားကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
PAKA Showpark ၏ တွဲဖက်ဥက္ကဌ ဖြစ်သည့် Chatuphol Sittichai မှ "PAKA Showpark မှာရှိတဲ့ အီလူမနိုရာ (Illumanorah) ဖျော်ဖြေတင်ဆက်မှုတွေက စိတ်ကူးအိပ်မက် ပုံပြင်တွေကို သီချင်းတွေ အကတွေနဲ့ တင်ဆက် ကပြကြ တာပါ။ တင်ဆက်မှုတွေကို ပုံမှန်လှည့်နေတဲ့အတွက် လာရောက်လည်ပတ်ကြတဲ့သူတွေအနဲ့ မတူညီကွဲပြားတဲ့ ဖျော်ဖြေ တင်ဆက်မှုတွေကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်" ဟုဆိုပါသည်။
Sittichai မိသားစု၏ အရှေ့ မြောက်ပိုင်း Khonkaen ခရိုင်ရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှနေ၍ အပန်းဖြေစရာ ဖျော်ဖြေမှုအမျိုးမျိုး စုပေါင်းတည်ရှိနေသည့်နေရာ စိတ်ကူးအိပ်မက် ပေါ်ပေါက်လာခဲ့ပါသည်။ ၄င်းမှ "PAKA Showpark က ဖျော်ဖြေမှုပေါင်းစုံကို စီစဉ်ပေးတာနဲ့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းကို ရောထားတာပါ။ ကျွန်တော်က ကမ္ဘာ လှည့်ခရီးသွားတွေရဲ့ စိတ်ကိုဆွဲဆောင်ချင်တာ။ ဒါကြောင့် ကမ္ဘာ လှည့်ခရီးသွားအများကြီးလာကြတဲ့ ခရိုင်တွေကို စပြီး ရှာခဲ့တာ" ဟုဆိုပါသည်။
ကရာဘီ ခရိုင်သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကမ္ဘာ လှည့်ခရီးသွား ဒုတိယအများဆုံး လာရောက်ကြသည့် နေရာတစ်ခု ဖြစ်ကြောင်း Sittichai မှဖြည့်စွက်ပြောကြားပါသည်။ ထို့ ကြောင့် ၄င်းနေရာသည် ဒေသယဉ်ကျေးမှုကို စိတ်လှုပ်ရှားဖွယ် နည်းပညာများဖြင့် ပေါင်းစပ်ဖျော်ဖြေမည့် ဆန်းသစ်သည့်လည်ပတ်ရန်နေရာတည်ဆောက်ရန်အတွက် အကောင်းဆုံး ဖြစ်လာခဲ့သည်။
အရပ်ဒေသ အပေါ်ထားရှိသော ခိုင်မာသည့်ဆက်နွယ်မှုသည် Showpark ကြီး၏အမည်တွင် ပေါ်လွင်ထင်ဟပ်နေပါ သည်။ PAKA အားခရိုင်၏မူလအမည်ဖြစ်သည့် Pakasai မှရယူမှည့်ခေါ်ထားခြင်းဖြစ်သည်။ ဖျော်ဖြေတင်ဆက်သူ များ အားလုံးသည် ဒေသခံများဖြစ်ကြပါသည်။ ထို့ ပြင် ပန်းခြံတွင်းရှိ စားသောက်ဆိုင်များသည်လည်း ကရာဘီ ၏ ရှိရင်းစွဲ စားသောက်ဆိုင်များနှင့် မတူ တမူထူးလှပါသည်။
စကင်ဒီနေးဗီးယား၊ တရုတ် နှင့် ဟောင်ကောင်တို့ မှ ကရာဘီလေဆိပ်သို့ တိုက်ရိုက်ဆင်းသက်နိုင်ပါသည်။ ၄င်းပြင်၊ ပတ်ဝန်းကျင်ရှိနိုင်ငံများ အထူးသဖြင့် မလေးရှားနိုင်ငံများသည်လည်း ကျွန်းစုများ၏ဆွဲဆောင်မှုအပေါ် တဖြည်းဖြည်းနှင့် မျက်စိကျလာလျက် ရှိသည်။
Sittichai မှ "ပန်းခြံကိုလာလည်တဲ့သူတွေထဲမှာ စကင်ဒီနေးဗီးယား၊ တရုတ်၊ မလေးရှားနဲ့ ထိုင်းလူမျိုးတွေ သာတူညီမျှ ပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အာဆီယံတိုင်းပြည်တွေကလည်း တိုတောင်းတဲ့အားလပ်ရက်လေးတွေမှာ ထိုင်းနိုင်ငံကို လာလည်ကြတယ်" ဟုဆိုပါသည်။
ခရီးသွားအေးဂျင့်များမှတဆင့်၊ ထိုင်းနိုင်ငံ ခရီးသွားအာဏာပိုင်များစီစဉ်သော လှည့်လည်သွားလာပြသ သည့်ပွဲ များတွင် ပါဝင်ပြသခြင်းမှတဆင့် Sittichai သည် ပန်းခြံကို လူသိများထင်ရှားအောင်ပြုလုပ်လျက်ရှိသည်။
၎င်းမှ "ကျွန်တော်ထင်တယ် ကျွန်တော်တို့ က ကိုယ့်ရဲ့ အားသာချက်ကိုသိပြီး ဆန်းသစ်တီထွင်နိုင်ရမယ်။ ခေါင်းဆောင် လုပ်ရတာခက်တယ်။ ဒါပေမယ့် အခြားသူတွေရဲ့ နောက်ကိုလိုက်လုပ်ရတာက ပိုပြီးတော့တောင် ခက်သေးတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ PAKA Showpark ကိုအခြားခရိုင်တွေမှာလည်း တည်ဆောက်ပြီး ကမ္ဘာခရီးသည် တွေကို ပိုမိုဆွဲဆောင်ဖို့ ပါပဲ" ဟုပြောပြပါသည်။
Sittichai မှ ထိုင်းနိုင်ငံ၏ 2016 ခုနှစ် ခရီးသွားလုပ်ငန်းသည် လင်းလက်တောက်ပလျက်ရှိသည်ဟု ဆိုပါသည်။
၎င်းမှ "ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက များပြားတဲ့ရင်းမြစ်တွေ၊ အရာသာရှိပြီး ကောင်းမွန်တဲ့ အစားအစာတွေ၊ ဖော်ရွေ တဲ့ လူတွေကြောင့် ဆက်ပြီး တိုးတက်လာဦးမှာ" ဟုဆိုပါသည်။


ပိုမိုသိရှိလိုပါက www.pakashowpark.com အားဖတ်ရှုလေ့လာပါ။
Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

 

Issue 41

ထိုင်းစပါကုထုံးပညာရှင်များကို ကမ္ဘာ့အကောင်းဆုံးကုထုံးပညာရှင်များဖြစ်လာစေရန်အတွက် လေ့ကျင့်သင်ကြားပေး လိုစိတ်ပြင်းပြသော Centara Hotels and Resorts ၏ Cenvaree စပါသည် ၄င်း၏ စပါကုထုံးများအားဖြင့် လာရောက်ကြသည့် ဧည့်သည်များအတွက် မမေ့နိုင်စရာအမှတ်တရများကို ဖန်တီးပေးရန်ရည်ရွယ်ပါသည်။
ထိုင်းနိုင်ငံတွင်း စပါ ၀န်ဆောင်မှုပေါင်း 14,000 ရှိသည့်အတွက် ထူးခြားကောင်းမွန်သည့် ၀န်ဆောင်မှုများပေးအပ် ယှဉ်ပြိုင်ခြင်းလည်း မြင့်တက်လာနေပါသည်။ စပါ အများစုမှ ပြောင်းလဲဆန်းသစ်သည့် ကုထုံးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်အတွက် စိုင်းပြင်းလုပ်ဆောင်လျက်ရှိနေချိန်တွင် အခြားသော စပါများသည်လည်း အရည်အသွေး အဆင့်အတန်းမြင့်မားသည့်

ဆန်းသစ်တီထွင်သူဒီဇိုင်နာတစ်ယောက်ဟာ ရိုးရာပလပ်စတစ်ဖျာအပေါ်မြင်နေကျအမြင်ကို ပြောင်းလဲပြီး၊ နွေးထွေး စတိုင်လ်ကျတဲ့ အိမ်တွင်းအလှဆင် ဆုရပစ္စည်းအဖြစ် ဖန်တီးနိုင်ခဲ့ပါတယ်။

ထိုင်းပရိဘောဂဈေးကွက်ဟာ လျင်မြန်စွာတိုးတက်နေတဲ့ဂဏ္ဌဖြစ်ပြီး၊ ဒီဇိုင်းအသစ်အဆန်းများနှင့် ကျွမ်းကျင်တဲ့လက်မှုလက်ရာတွေဟာ ဒီလုပ်ငန်းကြီးထွားလာမှုရဲ့ အရေးပါတဲ့အကြောင်းခံများ ဖြစ်ပါတယ်။ ပရိဘောကတင်ပို့မှုတန်ဖိုးဟာ 2014 ခုနှစ်အတွင်းမှာ ဘတ် 38.5 ဘီလီယံ ရှိခဲ့ပါတယ်။

သူ့ရည်းစားနှင့် နောက်အပေါင်းပါဒီဇိုင်နာတစ်ဦးဖြစ်သူ ဒေါ်စီနီ ဟင်တိုနင်တို့ဟာ ပရောဒတ်ဒီဇိုင်းမက်တား ခေါ် ပီဒီအမ်(PDM) ကို တည်ထောင်ရာမှာ တွန်းအားစိတ်ကူးတွေကို ပေးအပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်လို့ ဦးဒွန်ယဖွန်လ် စရီးကျန်က ရှင်းပြပါတယ်။ ထိုင်းနိုင်ငံရှိ အိမ်များနှင့် ဘုန်းကြီးကျောင်းတွေမှာသုံးကြတဲ့ အရောင်အသွေးစုံလင်တောက်ပတဲ့ပလပ်စတစ်ဖျာတွေကို အနောက်တိုင်းရဲ့ ကော်ဇော နှင့်အခင်းနှီးတွေအဖြစ်လို အသုံးပြုနိုင်ကြောင်း သူမစတင်သတိပြုမိရာကနေ ကုမ္ပဏီစထောင်ဖြစ်ပုံကို ပြောပြပါတယ်။

 “ဖျာတွေဟာ ပိုပြီးပူအိုက်တဲ့ရာသီဥတုအတွက်ကောဇော ဖြစ်ပါတယ်၊ ဒီရည်ရွယ်မှန်းနှင့် ဖျာဒီဇိုင်းတွေကို ကျွန်တော် တိုးတက်ဖော်ထုတ် လိုပါတယ်”လို့ ဦးစရီးကျန်က ပြောပါတယ်။ “ကျွန်တော်တို့ဟာ ပလပ်စတစ်ဖျာတွေကို သစ်ဆန်းတဲ့အရာတစ်ခုဖြစ်အောင်လုပ်နေတဲ့ ထိုင်းအမှတ်တံဆိပ် တစ်ခုပါ။ လူတွေက ဖျာတွေဟာ ခေတ်ဟောင်းဖက်ရှင်တွေပါလို့ တွေးလေ့ရှိကြပါတယ်။ ဖျာအပေါ် ထားရှိခဲ့တဲ့ ယခင်သဘောထားအမြင်ကို ယနေ့မှာ ကျွန်တော်တို့ပြောင်းလဲလိုက်ပြီး၊ ကြော့ရှင်းခမ်းနားတဲ့ပရိဘောဂတွေနှင့်လိုက်ဖက်လာအောင် လုပ်ဆောင်ပေးနေပါတယ်။”  

ဦးစရီးကျန်ရဲ့အဆိုအရဆိုရင် သူ့ရဲ့အဖွဲ့ဟာ ရိုးရာဖျာရဲ့အမြင်နှင့်အထိအတွေ့ကို ပြောင်းလဲပစ်ဖို့ ရည်မှန်းထားပါတယ်။ “ဖျာရက်ရာမှာ သုံးတဲ့ပစ္စည်းကို ပိုမာကျောခိုင်ခံ့လာအောင် ကျွန်တော်တို့ အချိန်တစ်နှစ်လောက်ယူပြီး တီထွင်ခဲ့ရပါတယ်။ ကျွန်တော်တို့စွဲကိုင်ထားတဲ့ ဆောင်ပုဒ်ကတော့ ကျွန်တော်တို့ရဲ့ကုန်ပစ္စည်းတွေဟာ ကောဇောကဲ့သို့ အမြင်ကောင်းရမယ်၊ ဒါပေမယ့် သန့်ရှင်းရေးလုပ်ရာမှာတော့ ပလပ်စတစ်ဖျာလို လွယ်ကူရပါမယ်” လို့သူက ပြောပါတယ်။ “ပိုကောင်းတဲ့အထိအတွေ့ရစေဖို့အတွက် ဒီပစ္စည်းတွေကို 30% ပိုပြီး ထူထပ်သိပ်သည်းလာအောင် ကျွန်တော်တို့ရက်လုပ်ထားပါတယ်”
 

ယူဗွီခရမ်းလွန်ရောင်ခြည်ခံဆေးနှင့် အုပ်ထားသည့်ဖျာကို အဆောက်အဦးတွင်း၌ရော ပြင်ပဟင်းဟင်းပြင်၌ပါ အသုံးပြုနိုင်ပါတယ်။ ပြောင်လက်တောက်ပမှုကို လျှော့ချရန်အတွက် ဖျာရက်လုပ်ရာ၌ ရီဆိုင်ကယ်ခေါ်သုံးစွဲပြီးပလပ်စတစ်ပစ္စည်းများကို သုံးစွဲထားပါတယ်။ ပီဒီအမ်ကုန်ပစ္စည်းများအား အချိန်၏အစမ်းအသပ်ကိုခံနိုင်စေမည့် ရိုးရိုးယဉ်ယဉ်ဂန္တ၀င်၊ အချိန်ကာလမဲ့အစိတ်အပိုင်းပစ္စည်းများ ဖြစ်အောင် ပုံစံထုတ်ထားပါတယ်။ “ကော်ဇော်တွေဟာ အိမ်အတွက် နွေးထွေးမှုအမြင်ကို ပေးနိုင်တဲ့ပစ္စည်းဖြစ်တယ်လို့ ကျွန်တော် ထင်မြင်ပါတယ်” လို့ ဦးစရီးကျန်က ပြောပါတယ်။

ဒီအမှတ်တံဆိပ်ဟာ ထိုင်းနိုင်ငံမှဒီမာ့ခ်ဆု၊ ဂျပန်မှ ဒီဇိုင်းကောင်းဆုအပြင် အခြားအပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုဆုလက်မှတ်တွေနှင့် အောင်မြင်မှုတွေ တစ်ပွေ့တစ်ပိုက်ရခဲ့ပါတယ်။ ဒီဆန်းသစ်တီထွင်ချည်မျှင်ထည်နမူနာကို မီလန်မြို့နှင့်နယူးယောက်မြို့ရှိ ချည်မျှင်ထည် စာကြည့်တိုက်၌ သိမ်းဆည်းထားသည့်အပြင် ဘန်ကောက်ရှိ ထိုင်းဆန်းသစ်တီထွင်မှုနှင့်ဒီဇိုင်းစင်တာတွင်ပါ နမူနာ ပြသထားပါတယ်။

စပိန်၊ သြစတေးလျားနှင့် ဂျပန်ဈေးကွက်ကို တင်ပို့နေတုန်းမှာပဲ ပီဒီအမ်ဟာ အလားတူရက်လုပ်အထည်စများနှင့် ချုပ်လုပ်ထားတဲ့ အိတ်နှင့် ပရိဘောဂ စတဲ့ပစ္စည်းများကို အသစ်မိတ်ဆက်ထုတ်လုပ်ပေးလျက် ရှိနေပါတယ်။

သူ့နိုင်ငံရဲ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီဇိုင်းပုံစံဂဏ္ဌဟာ စက်တစ်လုံးရဲ့အရေးပါတဲ့ခွေးသွားစိတ်အပိုင်းလိုအခန်းဂဏ္ဌကနေ ပါဝင်နေကြောင်း သတိပြုမိတဲ့ ဦးစရီးကျန်အနေဖြင့် ယနေ့အချိန်မှာတော့ ပရောဂျက်ပေါင်းများစွာမှာ ပါဝင်လုပ်ဆောင်လျက် ရှိပါတယ်။

 “ထိုင်းနိုင်ငံရဲ့ [ဒီဇိုင်း] လုပ်ငန်းဟာ အတော်လေးကြီးထွားလာပါပြီ” လို့ သူပြောပါတယ်။ “အစိုးရနှင့် ဒီအိုင်တီပီတို့ဟာ ဒီလုပ်ငန်း နယ်ပယ်ကို ပိုပြီးအလေးထားလာပါတယ်။ ထိုင်းယဉ်ကျေးမှုဟာ အတော်လေးကြာရှည်နက်ရှိုင်းမှုရှိပေမယ့် ကုန်ပစ္စည်းအမယ်တွေကို ပိုဖွံ့ဖြိုးတိုးတက်စေအောင်လုပ်ဆောင်ရာမှာတော့ လိုအပ်ချက်တွေ များစွာရှိနေပါတယ်။ ဒီဇိုင်းပုံစံထုတ်မှုဟာ နိုင်ငံရဲ့လက်နက်အဖြစ် အသုံးတည့်လာနိုင်ပြီး၊ ဒီဂဏ္ဌဟာ စီးပွားရေးကိုရှေ့သို့တွန်းတင်ပေးသွားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”

အသေးစိတ်အချက်အလက်များအတွက် visit http://www.pdmbrand.com ကို ၀င်ရောက်ကြည့်ရှုပါ။

စာသားရေးဖွဲ့သူ : ဖင်မ်စီရီနုခ်ျ ဘော်ဆပ်

 

 

နှစ်စဉ်နှစ်တိုင်းပင်၊ ထိုင်းနိုင်ငံသည် ကမ္ဘာတစ်ဝှမ်းမှ အပန်းဖြေအနားယူရန်၊ မိမိကိုယ်ကို အလိုလိုက်ရန် ရောက်ရှိလာကြသော ခရီးသွားများကို ပျူငှာစွာလက်ခံကြိုဆိုသည်။ စပါ လုပ်ငန်းသည်နှစ်ပေါင်း အနည်း ငယ်အတွင်း သိသာထင်ရှားစွာတိုးတက်လာခဲ့ပါသည်။ Borisud Pure Spa ကဲ့သို့ သော ကမ္ဘာ့အဆင့်မီ စပါများဖွင့်လှစ်လာခြင်းဖြင့် တွေ့ မြင်နိုင်ပါသည်။

Borisud Pure Spa  မန်နေဂျာ Ampa Tiengtrakoonthong မှ “ဒီစပါဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက် ကတော့ ကာစတန်မာတွေကို စပါနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ နဲ့ အစဉ်ထာဝရ အေးချမ်းတည်ငြိမ်တဲ့ မူရင်း အရသာကို တွေ့ ကြုံခံစားစေချင်လို့ ပဲဖြစ်ပါတယ်” ဟုပြောပြပါသည်။

Tiengtrakoonthong အတွက် ၄င်း ဖောက်သည်များ၏ကိုယ်စိတ်နှစ်ပါး ကောင်းကျိုးချမ်းသာရေး အတွက် တစ်ဦးချင်းစီ ၏ စိတ်ခံစားချက် နှင့် အခြေအနေပေါ်မူတည် ၍ ၀န်ဆောင်မှုပေးခြင်းသည် အလွန်ပင် အရေး ပါ လှပါသည်။

သူမမှ “ကျွန်မတို့ ရဲ့  ကျန်းမာရေးနဲ့ ခန္ဓာကိုယ် အတွက် ထရိမန့်  ပစ္စည်း တွေကို သဘာဝထွက်ကုန်တွေ နဲ့  ပြုလုပ်ထားတဲ့အတွက် ဓာတု ပစ္စည်းတွေ ပါဝင်မှုကင်းစင်ပါတယ်။ စိတ်၊ ခန္ဓာ နဲ့ ဝိဥာဉ် တွေကို ပြန်လည် နုပျို လန်းဆန်လာစေဖို့ အတွက် အာမခံပါတယ်။ ဒီမှာသုံးတဲ့ စပါး ပစ္စည်း အတော်များများကို ထိုင်းနိုင်ငံ က ထွက်တဲ့ ဆေးဘက်ဝင်အပင်တွေ၊ ပါဝင် ပစ္စည်း တွေနဲ့ ပြုလုပ်ထားတဲ့အတွက် ကျွန်မတို့ ရဲ့ ကာစတန်မာ တွေက အရမ်းကို ကြိုက်ကြတယ်” ဟုဆိုပါသည်။

Mode Sathorn Hotel တွင် 2013 ခုနှစ်က် စတင်ဖွင့်လှစ်ခဲ့သည့် Borisud Pure Spa သည်  ၄င်း၏ တည်နေရာကြောင့် စီးပွားပြိုင်ဘက်များထက် ထူးခြားနေသည် သာမက Surasak BTS station မှ ငါး မိနစ် မျှလောက် လမ်းလျှောက်သွားရုံဖြင့် ရောက်ရှိနိုင်သောကြောင့် ဖြစ်သည်။ “ကျွန်မတို့ ရဲ့ ခေတ်မီတဲ့ အသုံး အဆောင် ပစ္စည်းတွေအပြင့် နောက်ဆုံးပေါ်နည်းစနစ်တွေနဲ့ ပြုစုကုသမှုတွေကြောင့် ဂုဏ်ယူရပါတယ်။ ကျွန်မတို့ က အနီအောက်ရောင်ခြည် ဆောင်နာ၊ ဂျာကူဇီ၊ ရေနွေးငွေ့ နဲ့ ရေချိုးတာ၊ ဒါမှမဟုတ် ရေအေး ရေပန်းနဲ့ ရေချိုးတဲ့ ၀န်ဆောင်မှုတွေပေးတဲ့အပြင် ကာစတန်မာတွေကလည်း ခန္ဓာကိုယ် နှိပ်နှယ်မှု အမျိုးမျိုး ကို ခံယူနိုင်တဲ့အပြင်၊ ခန္ဓာကိုယ် ကြေးချွတ်တာ၊ ခန္ဓာကိုယ် အဆီချတာ နဲ့ မျက်နှာနဲ့ ပတ်သက်တဲ့ ကုသမှု များကို ခံယူနိုင်မှာ ဖြစ်ပါတယ်” ဟု Tiengtrakoonthong မှ ပြောပြပါသည်။

 


စပါနှင့် ပတ်သက်သည့် ဖောက်သည်အများစုမှာ အာရှမှ ဖြစ်ကြပြီး ဟောင်ကောင်၊ တောင်ကိုရီးယား၊ ထိုင်ဝမ် နှင့် စင်္ကာပူ နိုင်ငံများမှလည်း ပါဝင်ပါသည်။ ခန့် မှန်းခြေအားဖြင့် 45% နီးပါးရှိသည့် ဖောက်သည် များသည် ဟိုတယ် တွင် တည်းခိုနေထိုင်ကြပြီး၊ ဟိုတယ်တွင် တည်းခိုနေထိုင်သူများမှ 55% သည် ပြုစု ကုသမှုကိုခံယူရန်အတွက် စပါသို့ သွားရောက်လိုကြကြောင်း Tiengtrakoonthong မှ ဆိုပါသည်။

သူမမှ စပါလုပ်ငန်းကြီးတစ်ခုလုံးသည် ထိုင်းစပါကို ကမ္ဘာအနှံ့ သိရှိနိုင်စေရန်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင် နေသည်ဟု ထင်မြင်ယူဆသည်။ သူမမှ “ဧည့်ဝတ်ပျူငှာတာ၊ နွေးနွေးထွေးထွေးလှိုက်လှိုက်လှဲလှဲ ကြိုဆိုတာ နဲ့ ထိုင်းရိုးရာ ပြုစုကုသမှုတွေကို အခြားနေရာတွေမှာ မရရှိနိုင်တာကြောင့် ထိုင်းစပါ လုပ်ငန်း က တမူထူးခြားနေရပါ” ဟုဆိုပါသည်။

Tiengtrakoonthong မှ လာမည့် အာဆီယံ စီးပွားရေး ဆိုင်ရာ အဖွဲ့ အစည်း (ASEAN Economic Community (AEC)) သည် တိုင်းပြည် စပါလုပ်ငန်း အတွက် ကောင်းမွန်သည့် အခွင့်အလမ်းများကို ဖန်တီးဖော်ဆောင် ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ယုံကြည်သည်ဟုဆိုပါသည်။

“AEC က ခရီးသွားလာတာ ကို ပိုမို လွယ်ကူစေပါလိမ့်မယ်။ ဘာကိုဆိုလိုတာလဲဆိုရင် ထိုင်းနိုင်ငံမှာ လာရောက် လည်ပတ်မဲ့သူတွေ တိုးပွားလာမယ့် သဘောပဲဖြစ်ပါတယ်။ ဒီဟာက စပါ နဲ့ ကျန်းမာရေး စင်တာတွေ အတွက် သူတို့ ပေးတဲ့ ၀န်ဆောင်မှုတွေ၊ ထုတ်လုပ်တဲ့ပစ္စည်းတွေနဲ့ ယှဉ်ပြိုင်သွားဖို လှုံ့ ဆော် ပေးတာပဲဖြစ်ပါတယ်။ အဲဒါက စပါလုပ်ငန်းဆောင်ရွက်သူတွေ နဲ့  ကာစတန်မာတွေအတွက် ၀င်း-၀င်း (win-win) အခြေအနေပဲ ဖြစ်ပါတယ်” ဟု သူမမှ ပြောဆိုပါသည်။

2016 ခုနှစ်တွင် Borisud Pure spa မှ ထိုင်းနိုင်ငံတခွင် နှင့် ကမ္ဘာ အနှံ့ တွင် ၄င်း၏အမှတ်တံဆိပ်ကို သိရှိ နားလည်လာစေရန်အတွက် နှင့် လူအများမှ ပိုမိုသိမြင်လာစေရန်အတွက် တိုးမြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

“ကျွန်မတို့ အွန်လိုင်းမီဒီယာတွေနဲ့ ပိုမို နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်သလို ၀က်ဘ်ဆိုက် ပေါ်ကလည်း ၀န်ဆောင်မှုဆိုင်ရာအခွင့်အလမ်းတွေကို ပိုပြီးပေးသွားမှာ ဖြစ်ပါတယ်။ ဒီဟာတွေက ကျွန်မ တို့ ဈေးကွက်ကိုမြှင့်တင်ဖို့ အတွက် ထိရောက်မှုရှိတဲ့ လက်နက်တွေဖြစ်တယ်လို့ ယုံကြည်တယ်” ဟု Tiengtrakoonthong မှဆိုပါသည်။

“တစ်ချိန်တည်းမှာပဲ၊ ကာစတန်မာတွေ အရမ်းကိုး စိတ်ကျေနပ်မှုရှိရအောင် ကျွန်မတို့ ကလည်း ကျွန်မတို့  ၀န်ဆောင်မှုရဲ့ အဆင့်အတန်းကို ပိုမိုမြှင့်တင်ဖို့ ၊ ထုတ်လုပ်တဲ့ပစ္စည်းတွေရဲ့ အရည်အသွေးကောင်းမွန် ဖို့  တွေကို စဉ်ဆက်မပြတ် အာရုံစိုက်သွားမှာ ဖြစ်တယ်။”  

ပိုမိုသိရှိလိုပါက http://www.modesathorn.com/spa အားဖတ်ရှုလေ့လာနိုင်ပါသည်။

Manisa Maini မှရေးသားသည်။

 

 

 

386927