Issue 41

ထိုင်းစပါကုထုံးပညာရှင်များကို ကမ္ဘာ့အကောင်းဆုံးကုထုံးပညာရှင်များဖြစ်လာစေရန်အတွက် လေ့ကျင့်သင်ကြားပေး လိုစိတ်ပြင်းပြသော Centara Hotels and Resorts ၏ Cenvaree စပါသည် ၄င်း၏ စပါကုထုံးများအားဖြင့် လာရောက်ကြသည့် ဧည့်သည်များအတွက် မမေ့နိုင်စရာအမှတ်တရများကို ဖန်တီးပေးရန်ရည်ရွယ်ပါသည်။
ထိုင်းနိုင်ငံတွင်း စပါ ၀န်ဆောင်မှုပေါင်း 14,000 ရှိသည့်အတွက် ထူးခြားကောင်းမွန်သည့် ၀န်ဆောင်မှုများပေးအပ် ယှဉ်ပြိုင်ခြင်းလည်း မြင့်တက်လာနေပါသည်။ စပါ အများစုမှ ပြောင်းလဲဆန်းသစ်သည့် ကုထုံးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်အတွက် စိုင်းပြင်းလုပ်ဆောင်လျက်ရှိနေချိန်တွင် အခြားသော စပါများသည်လည်း အရည်အသွေး အဆင့်အတန်းမြင့်မားသည့်

ကုထုံးပညာရှင်များကို မွေးထုတ်ပေးနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည်။
သြစတြေးလျနိုင်ငံ ဇာတိဖြစ်သည့် Tara Hanrahan လက်ရှိတွင် Centara Hotels and Resorts ၏ စပါလုပ်ငန်း ဖြစ်သည့် Cenvaree စပါ အဖွဲ့ ၏ ဒါရိုက်တာ တစ်ဦးဖြစ်ပါသည်။
Hanrahan မှ "ကျွန်မ ကုထုံးပညာရှင်အဖြစ်စတင်ခဲ့တာပါ။ ရနံ့ ကုထုံး နဲ့ အနှိပ်ပညာကို စတင်သင်ယူလေ့လာခဲ့ပြီး နောက် အခြား စပါ ကုထုံး နည်းပညာတွေကိုဆက်ပြီးလေ့လာသင်ခဲ့ပါတယ်" ဟုပြောပြပါသည်။

 

မော်လ်ဒိုက်၊ တရုတ် နှင့် အိန္ဒိယ နိုင်ငံများတွင် အလုပ်လုပ်ခြင်းဖြင့် ရရှိလာသော သူမ၏ ကျယ်ပြန့် များပြားသည့် အတွေ့ အကြုံများကြောင့် ကုထုံးပညာရှင်များကို လာရောက်ကြသည့်ဧည့်သည်များ၏ ကျန်းမာရေးအပေါ် နှလုံးသား မှလာသည့် စိတ်ဖြင့် ပြုစုစောင့်ရှောက်ရန် လေ့ကျင့်သင်ကြားပေးခြင်းသည် စပါ၏ အရေးပါသည့်အချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါသည်။ သူမ၏ ဤ အယူအဆကို Cenvaree စပါ ၏ စပါဝန်ဆောင်မှုခွဲတိုင်းရှိ ၀န်ထမ်းများအား ပြောပြပါသည်။
"ကျွန်မတို့ ဒီမှာ ဘာတွေလုပ်နေလဲဆိုရင် ကျွန်မတို့ ရဲ့ ဝန်ထမ်းကုထုံးပညာရှင်တွေကို ဧည်သည့်တွေနဲ့ ကောင်းမွန်တဲ့ စိတ်ခံစားမှုတွေ ဆက်သွယ်ခံစားနိုင်မိစေဖို့ လေ့ကျင့်ပေးပါတယ်။ ဒါကြောင့် နောက်ထပ်တဖန်ပြန်လည် လာရောက် ကြတဲ့နှုန်းကိုလည်း တိုးတက်လာစေပါတယ်။ အထိအတွေ့ က စိတ်ခံစားချက်အပေါ် အရေးပါတဲ့အကျိုးသက်ရောက်မှု တွေကိုဖြစ်ပေါ်စေပါတယ်" ဟု Hanrahan မှဆိုသည်။
Cenvaree စပါ တွင် လာရောက်ကြသည့် ဧည့်သည်များ၏ ပြဿနာများရှိပါက ထိုဧည့်သည်များ၏ ပြဿနာများကို ဖြေရှင်းပေးမည့် နွေးထွေးသည့်ဆားအိုး သို့ မဟုတ် ပြုတ်ထားသည့်ပန်းဖြင့် ပြုလုပ်ထားသော ပန်းမှုန့် ကဲ့သို့  သော ထိုင်းဆေးဖက်ဝင်အပင်များ၊ ပါဝင်ပစ္စည်းများကို အသုံးပြု ပြင်ဆင်ထားသည့် ပြိုင်ဘက်ကင်း ကုထုံးများကို အသုံးပြုထားပါသည်။
"ကျွန်မတို့ ရဲ့  ကုထုံးပညာရှင်တွေကို ထိုင်းနိုင်ငံရဲ့ အတော်ဆုံးပညာရှင်တွေဖြစ်စေချင်တယ်။ ခန္ဓာဗေဒနဲ ကာယကုသ မှုပညာရပ်တွေအကြောင်း သိရှိဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ မှာ လေ့ကျင့်သင်ကြားပေးတဲ့ အစီအစဉ်တွေရှိသလို တင်းကြပ်တဲ့ အရည်အသွေးအဆင့်အတန်းကို ချမှတ်ထားရှိ ထားပါတယ်" ဟု Hanrahan မှဆိုပါသည်။
ယှဉ်ပြိုင်မှုပြင်းထန်လှသည့်ဝန်းကျင်တွင် ဧည့်သည်များ၏စိတ်ကို ဆွဲဆောင်နိုင်ရန် နှင့် ထိန်းသိမ်းထားနိုင် ရန် အတွက် မတူညီကွဲပြားသည့် အရပ်ဒေသတွင် မတူညီကွဲပြားသည့် ဧည့်သည်များ၏ လိုအပ်ချက်ကိုသိရှိရန် လိုအပ် ပါသည်။
ပတ္တရား နှင့် ဖူးကက် ကဲ့သို့ သော နိုင်ငံခြားသားအများအပြားလာရောက် လည်ပတ်ကြသည့်နေရာများ တွင် ရုရှ နှင့် ဥရောပနိုင်ငံသားများမှ သည် တရုတ်နှင့် ကိုရီးယားနိုင်ငံသားများသို့ တိုင် စရိုက်အမူအကျင့်ကွဲပြားကြ သည့် ဖောက်သည်များကို တွေ့ ရှိနိုင်ကြောင်း Hanrahan မှဆိုပါသည်။ ဟောင်ကောင်မှလာရောက်ကြသည့် ဧည့်သည်များ သည်လည်း စပါကုထုံးကို အလွန်နှစ်ခြိုက်ကြသည်ဟုဆိုသည်။ သို့ သော် ဘန်ကောက်ကဲ့သို့ သော မြို့ ကြီးရှိ ဟိုတယ်များတွင် အကြမ်းဖျင်းအားဖြင့် စပါ အတွက်လာရောက်ကြသည့် ဧည့်သည်ထက်ဝက်မှာ ၀န်ဆောင်မှု အမှတ် တံဆိပ် အပေါ်အစွဲအလမ်းရှိကြပြီး မကြာခဏလာရောက်လေ့ရှိကြသော နိုင်ငံသားများ နှင့် နိုင်ငံပြင်ပ၌ နေထိုင်သူများ သာ ဖြစ်ကြသည်ဟု ပြောဆိုပါသည်။
"လွန်ခဲ့တဲ့ ငါးနှစ်ကစပြီး နိုင်ငံတွင်းမှာရှိတဲ့ စပါတွေရဲ့ အရည်အသွေးနဲ့ ဝန်ဆောင်မှုတွေကမြင့်မားလာပြီး အခုဆိုရင် ဟိုတယ်စပါတွေနဲ့ ယှဉ်ပြိုင်နေနိုင်ပြီဖြစ်တယ်။ ဟိုတယ်တွေအတွက်စိန်ခေါ်မှုက ဘာလည်းဆိုရင် နိုင်ငံတွင်းမှာရှိတဲ့ စပါတွေမတူ၊ တမူထူးတဲ့ဝန်ဆောင်မှုတွေပေးနိုင်မယ့်နည်းလမ်းတွေ ရှာဖွေလာကြရတာပဲဖြစ်တယ်" ဟု Hanrahan မှဆိုပါသည်။
အနာဂတ်တွင် ဧည့်သည်များကို ၀န်ဆောင်မှုများပိုမိုပေးနိုင်ရန်အတွက် Cenvaree စပါ မှမျှော်လင့်လျက်ရှိသည်။
သူမမှ "လာမဲ့ နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်အတွင်း Centara က ဈေးဝယ်စင်တာတွေအထိ ၀န်ဆောင်မှု တွေကို ပေးပြီး စပါအရေအတွက်ကို နှစ်ဆတိုးမြှင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စပါလုပ်ငန်းမှာရှိတဲ့ လူတွေအတွက်လည်း လေ့ကျင့်သင် ကြားရေးနှင့် ပညာရပ်ဆိုင်ရာ ၀န်ဆောင်မှုတွေကို ပိုပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်" ဟုဆိုပါသည်။


ပိုမိုသိရှိလိုပါက www.centarahotelsresorts.com အားဖတ်ရှုလေ့လာနိုင်ပါသည်။
Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

 

368019