Issue 66

ကနေဒါနိုင်ငံတွင် ထိုင်းနိုင်ငံ၏ riceberry ဆန် လူသိများလာစေရန်အတွက် ဗန်ကူးဗား (Vancouver) မြို့ ကြီး တွင် Thailand Riceberry Rice Tasting Week ဆိုသည့် အစီအစဉ်အား မေလ ၁၅ ရက်နေ့ မှ ၂၁ ရက်နေ့  အထိ ကျင်းပခဲ့သည်။

အခမ်းအနားသို့ အစားအသောက်ကျွမ်းကျင်သူပညာရှင်များနှင့် မီဒီယာသမား ၃၀ ကျော်တက်ရောက်ခဲ့ပြီး၊ riceberry ဆန်အား အခြေခံထုတ်လုပ်ထားသည့် အစားအသောက်များနှင့် အချိုပွဲများ၏ အရသာများအား မြည်းစမ်းခဲ့ကြသည်။ ကနေဒါနိုင်ငံရှိစားသုံးသူများ၏ အပြုသဘောဆောင်သည့် တုံ့ ပြန်မှုကိုလည်း ရရှိခဲ့ပါသည်။

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ထိုင်းစားသောက်ကုန်လုပ်ငန်းအတွက် ကနေဒါနိုင်ငံက အလားအလာကောင်းမွန်တဲ့ ဈေးကွက်တစ်ခုပါ။ ဘာကြောင့်လို့ လဲဆိုရင် စားသုံးသူတွေရဲ့ ဝယ်လိုအားကလည်းမြင့်မားသလို အာရှသား တွေလည်းအများအပြားနေထိုင်ကြတဲ့ တိုင်းပြည်တစ်ခုဖြစ်လို့ ပါ။ ကနေဒါနိုင်ငံသားတွေက ပစ္စည်းသစ်တွေကို လက်ခံ မြည်းစမ်းကြည့်ကြဖို့ အတွက်ဝန်မလေးကြဘူး" ဟုပြောကြားပါသည်။

"လက်ရှိမှာ ကနေဒါနိုင်ငံက နိုင်ငံအများအပြားကနေဆန်ကိုတင်သွင်းနေတဲ့အတွက် စားသုံးသူတွေအနေနဲ့ ဆန် တွေရဲ့ အမျိုးအစားကိုခွဲခြားနိုင်ဖို့ အတွက် တကယ့်ကိုခက်ခဲပါတယ်။ ထိုင်းဆန် ထုတ်လုပ်သူတွေနဲ့ ပို့ ကုန် လုပ်ငန်းရှင်တွေအနေနဲ့ အများနဲ့ မတူ တမူထူးတဲ့ထိုင်းဆန်ရဲ့ အကြောင်းကို စားသုံးသူတွေ သိရှိအောင် ဆောင်ရွက်သင့်သလို၊ ဈေးကွက်ထဲမှာ riceberry ဆန်လိုမျိုး တန်ဖိုးမြင့်ထုတ်ကုန်တွေကို ကြော်ငြာသင့်ပါတယ်" ဟုသူမမှပြောကြားပါသည်။

Riceberry ဆန်သည် ထိုင်းနိုင်ငံမှ ထွက်ရှိသည့် ဆန်အမျိုးအစားသစ်ဖြစ်ပြီး စားသုံးသူများ ကျန်းမာရေး အတွက်အထောက်အကူဖြစ်စေသော အန်တီအောက်ဆီဒင့်ဓာတ် (antioxidants) မြောက်မြားစွာပါဝင်ပါသည်။

366819