Issue 59

DITP မှ Thailand Trust Mark (TTM) လက်မှတ်ပေးအပ်ချီးမြှင့်သည့်အခမ်းအနားအား ဘန်ကောက်မြို့ ၊ BITEC Bangna ၌ အောက်တိုဘာလ ၂၁ ရက်နေ့ က ပြုလုပ်ကျင်းပခဲ့ပါသည်။

၂၀၁၆ ခုနှစ်တွင် TTM လက်မှတ်အား ကုမ္ပဏီပေါင်း ၃၂ ခုသို့ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ်မှ စတင်ပေး အပ်ခဲ့သည့် ဤ TTM လက်မှတ်အား ရရှိထားသည့် ကုမ္ပဏီပေါင်း ၆၉၆ ခု ရှိနေပြီဖြစ်ပါသည်။

ထိုင်းနိုင်ငံ ဒီဇိုင်းနှင့် တီထွင်ဆန်းသစ်မှုတိုးတက်မြင့်တင်ရေး အဖွဲ့ အစည်း၏ ဒါရိုက်တာတစ်ဦးဖြစ်သည့် ML Kathathong Thongyai မှ "DITP က ထိုင်းထုတ်ကုန်တွေကို လူသိများလာစေဖို့  နောက်နှစ်မှာ ပွဲ အတော် များများကိုပြုလုပ်ကျင်းပမှာ ဖြစ် ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ ထိုင်းကုန်စည်တွေနဲ့ ဝန်ဆောင်မှု တွေကို စားသုံးသူ တွေ လက်တွေ့  ခံစားသိရှိနိုင်စေဖို့ အတွက် တရုတ်နိုင်ငံမှာ T/MARK Event Store ပွဲ ကို ကျင်းပမှာဖြစ်သလို၊ TTM လက်မှတ်ရထားတဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ပြသနိုင်ဖို့ အတွက် ဖြန့် ဖြူးရေး ဗဟိုတစ်ခုကို ကွမ်ကျိုး (Guangzhou) မှာ ဖွင့်လှစ်ထားရှိသွားမှာဖြစ်ပါတယ်" ဟုဆိုပါသည်။

TTM သည် နိုင်ငံတကာ စံချိန်စံညွှန်းမီ ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများ၏ အမှတ်သင်္ကေတ တစ်ခု ဖြစ်သကဲ့ သို့ စားသောက်ကုန်၊ အကြီးစားစက်မှုလက်မှုလုပ်ငန်း၊ လိုက်ဖ်စတိုင်နှင့် ဖက်ရှင်လုပ်ငန်းများမှသည် ဆေးဝါး နှင့် စပါ ထုတ်ကုန်ပစ္စည်းများအဆုံး အစရှိသည်တို့ ၏အရည်အသွေးသာလွန်ကောင်းမွန်ကြောင်းကို ထောက်ခံ ပေးသည့် ထောက်ခံချက်လည်းဖြစ်ပါသည်။

 

 

366322