Issue 59

ဘန်ကောက်မြို့ ၊ BITEC Bangna ၌ အောက်တိုဘာလ ၂၁ ရက်နေ့ ကကျင်းပခဲ့သည့် အခမ်းအနားတွင် DITP မှ အကောင်းဆုံးဒီဇိုင်းဆုများ ၂၀၁၆ ခုနှစ် (Design Excellence Awards 2016 (DEmark)) ကို ထူးချွန်သည့် ထိုင်းဒီဇိုင်နာများအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထိုင်းနိုင်ငံ ဒီဇိုင်းနှင့် တီထွင်ဆန်းသစ်မှုတိုးတက်မြင့်တင်ရေး အဖွဲ့ အစည်း၏ ဒါရိုက်တာတစ်ဦးဖြစ်သည့် ML Kathathong Thongyai မှ "ဒီနှစ်မှာ ဒီဇိုင်နာတွေနဲ့ ကုမ္ပဏီတွေ ၃၃၀ လောက်က ပစ္စည်းအမျိုးအစားပေါင်း ၆၁၆ မျိုးကို တင်ပြခဲ့ကြတယ်။ အဲဒီထဲကမှ ကုမ္ပဏီ ၅၄ ခုရဲ့ ပစ္စည်း ၆၇ မျိုးကို DEmark အမှတ်တံဆိပ် (logo) ကိုချီးမြှင့်ခဲ့တာဖြစ်ပါတယ်" ဟုပြောပြပါသည်။ ဆုများကို ပရိဘောဂပစ္စည်း(ကိုး)ခု၊ လိုက်ဖ်စတိုင် ထုတ်ကုန် ပစ္စည်း (၂၆)ခု၊ ဖက်ရှင်နှင့် အထည်အလိပ် (လေး) ခု၊ စက်မှုလုပ်ငန်း (ကိုး) ခု၊ အစားအသောက်၊ ကျန်းမာရေး၊ နှင့်အလှကုန် ပစ္စည်း (ခြောက်) ခု နှင့် ဂရပ်ဖစ်ဒီဇိုင်း (၁၃) ခုတို့ မှ ရရှိခဲ့ခြင်းဖြစ်ပါသည်။

DEmark ဆုအားချီးမြှင့်ပေးအပ်ရသည့် ရည်ရွယ်ချက်မှာ ထိုင်း ကုမ္ပဏီများနှင့် ဒီဇိုင်နာများ၏ ထုတ်ကုန်များ တန်ဖိုးတက်လာစေရန် နှင့် ဒီဇိုင်းနှင့်လက်တွေ့ အသုံးဝင်မှုပိုင်းဆိုင်ရာများတွင် ထူးခြားဆန်းသစ်မှုများရှိစေရန် အတွက် ပံ့ပိုးကူညီရန်ဖြစ်ပါသည်။ ၄င်း၏အမှတ်တံဆိပ်သည် ဒီဇိုင်းကောင်းမွန်မှုနှင့် နိုင်ငံတကာစံချိန်စံညွှန်းမီ မှုတို့ ၏အမှတ်သင်္ကေတပင်ဖြစ်ပါသည်။

 

 

365940