Issue 58

Thailand Innovation and Design Expo 2016 (T.I.D.E. 2016) ပြပွဲကြီးအား DITP မှကြီးမှူး၍ ဘန်ကောက် ရှိ မိဖုရားကြီး သီရိခေတ် အမျိုးသား ကွန်ဗင်းရှင်းစင်တာကြီး (Queen Sirikit National Convention Centre) ၌ စက်တင်ဘာလ ၁၅ ရက် မှ ၁၈ ရက်အထိပြုလုပ်ကျင်းပခဲ့ပါသည်။

ပြပွဲကြီးတွင် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ဆန်းသစ်မှုများနှင့် ဒီဇိုင်းပေါင်း ၃၀၀ ကျော်အား ပြသထားသည့် Innovation Showcase၊ ထိုင်းနိုင်ငံ၏ အများပြည်သူပိုင် နှင့် ပုဂ္ဂလိကပိုင် ထိပ်တန်း အဖွဲ့ အစည်းများ၏ တီထွင် ဆန်းသစ်မှုများကို ပြသထားသည့် Innovation Highlights နှင့် ထိုင်းနှင့် နိုင်ငံခြားသား ဒီဇိုင်နာများ၏ အကောင်း ဆုံး တီထွင်ဖန်တီးမှု ဒီဇိုင်းလက်ရာများကို ပြသထားသည့် Design Zone များအပါအ၀င် ပြပွဲဇုံများစွာအား ခင်းကျင်း ပြသထားပါသည်။

DITP ၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Chantira Jimreivat Vivatrat မှ "ထိုင်းရဲ့ ဆန်းသစ်တီထွင်ထားတဲ့ ကုန် ပစ္စည်းတွေနဲ့ ဒီဇိုင်းတွေကို တင်ပို့ ရောင်းချရတဲ့ နှုန်းက ဆက်တိုက်ကိုမြင့်မားလာတယ်။ ဘာကြောင့်လို့ လဲဆိုရင် ထိုင်းနိုင်ငံက ကမ္ဘာ့အဓိက ထုတ်လုပ်ရေးအခြေခံငှာနချုပ်တွေကတစ်ခုဖြစ်တဲ့အတွက်ကြောင့်ပါ။ ကျွန်တော်တို့  တွေက ထိုင်းနိုင်ငံကို အာဆီယံဒေသကြီးရဲ့ ဆန်းသစ်တဲ့ ထုတ်ကုန်နဲ့ ဒီဇိုင်းတွေရဲ့ ဗဟိုငှာနဖြစ်စေဖို့ အတွက် တွန်းအားပေးဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်" ဟုဆိုပါသည်။

 

366063