Issue 58

ထိုင်း SME (အသေးစားနှင့်အလတ်စား) လုပ်ငန်းများ နိုင်ငံရပ်ခြားဒေသများတွင် စီးပွားရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရာတွင် ပံ့ပိုးကူညီပေးနိုင်ရန် ရည်ရွယ်၍ အဖွဲ့ အစည်းနှစ်ရပ်ကြားနားလည်မှု စာချွန်လွှာ (MoU) ကို DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd နှင့် ထိုင်းနိုင်ငံ၏ ပို့ ကုန်-သွင်းကုန် ဘဏ် (Export-Import Bank of Thailand (EXIM Bank)) ဥက္ကဌ Pisit Serewiwattana မှ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါ သည်။

ဤပူးပေါင်းဆောင်ရွက်မှုအားဖြင့် ပို့ ကုန်-သွင်းကုန် ဘဏ် (EXIM Bank) ကြီးမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် Prime Minister's Export Award (PM Award)၊ Thailand Trust Mark (TTM) နှင့် Demark ဆုများရရှိနိုင်မည့် အခွင့်အရေးများကိုဖော်ဆောင်ပေးသည့်အပြင်၊ ၄င်းတို့ အား ပို့ ကုန်လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးရင်းမြစ် နှင့် နိုင်ငံ ပြင်ပ ရင်းနှီးမြှပ်နှံမှု များနှင့် သက်ဆိုင်သည့် ပညာပေးအစီအစဉ်များကိုလည်း ဖော်ဆောင်ပေးနေပါသည်။

 

368329