Issue 58

ပြည်သူ - ပုဂ္ဂလိက ပူးတွဲဆောင်ရွက်ခြင်း ကော်မတီ (Public-Private Collaboration Committee) လက်အောက်ရှိ အိတ်စ်ပို့ နှင့် နိုင်ငံပြင်ပ ရင်းနှီးမြှပ်နှံမှု တိုးတက်မြင့်မားရေး လုပ်ငန်းဖော်ဆောင်အဖွဲ့  (Export and Outwards Investment Promotion Working Group) ကြီးမှ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ အခြားနိုင်ငံ များ တွင် စီးပွားရေး အခွင့်အလမ်းများရှာဖွေနိုင်ရန်အတွက် စီမံကိန်းလုပ်ငန်းများကို စီစဉ်ဖော်ဆောင်လျက်ရှိ ကြောင်း ကုန်သွယ်ရေးဝန်ကြီး Apiradi Tantraporn မှ သြဂုတ်လ ၂၆ ရက်နေက ထုတ်ပြန်ကြေငြာခဲ့ပါသည်။

"အဖွဲ့ ကြီးက 'Friends Guide Friends' (မိတ်ဆွေများမှ မိတ်ဆွေများကို ဦးဆောင်လမ်းညွှန်ခြင်း) နည်းဗျူဟာကို အကောင်အထည်ဖော်ဆောင်နေပါတယ်။ အဲဒါက ဘာလဲဆိုရင် SME (အသေးစားနှင့်အလတ်စား) လုပ်ငန်းတွေ အိမ်နီးချင်းတိုင်းပြည်တွေမှာ စီးပွားလုပ်ငန်းတည်ထောင်နိုင်ဖို့  အတွက် ထိုင်းကုမ္ပဏီကြီးတွေက ကူညီကြတာဖြစ်ပါ တယ်" ဟု Tantraporn ဖြည့်စွက်ပြောကြားပါသည်။

သြဂုတ်လတွင်း ၌ အလားအလာကောင်းမွန်သည့် SME (အသေးစားနှင့်အလတ်စား) လုပ်ငန်း ၅၁ ခုအတွက် ထိုင်းနိုင်ငံ ၏ထိပ်တန်း စီးပွားရေးဆိုင်ရာပူးပေါင်းအဖွဲ့ အစည်းများဖြစ်သည့် BJC နှင့် ကုန်သွယ်ရေးဝန်ကြီးငှာန တို့ မှ ကြီးမှူး၍ ဗီယက်နမ်နိုင်ငံ ဈေးကွက် ဆိုင်ရာ သတင်းအချက်အလက်များကို ပြည့်ပြည့်၀၀ သိရှိနား လည်နိုင် စေမည့်၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ နှင့် ဗီယက်နမ်နိုင်ငံရှိ ဖြန့် ဖြူးရောင်းချသူများအတွက် စီးပွားလုပ်ငန်း တွဲဖက်ပေးသည့် အစီအစဉ်ကို ပြုလုပ်ကျင်းပပေးခဲ့ပါသည်။

လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ မှ ထိုင်းကုန်စည်များအတွက် ဖြန့် ဖြူးရေးဗဟိုငှာနများအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၏ မြို့ တော် ဖနွမ်းပင် တွင် AEC Town နှင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ တွင် Vietnam-Thai Commercial Centre များကို ထူထောင်ရန် စဉ်းစားတွေးတောလျက်ရှိနေပါသည်။

367906