Issue 58

အသေးစားစီးပွားရေးလုပ်ငန်းများ အွန်လိုင်း-ဈေးကွက် (e-marketplace) သို့ ဝင်ရောက် နိုင်ရေးအတွက်

ကုန်သွယ်ရေးဝန်ကြီးငှာနသည် Thaitrade.com Small Order OK (Thailand.com SOOK) အား သြဂုတ်လ ၂၉ ရက်တွင် စတင်လွှင့်တင်ခဲ့ပါသည်။

ကုန်သွယ်ရေးဝန်ကြီး Apiradi Tantraporn မှ "ဒီ စီမံကိန်းက SME (အသေးစားနှင့်အလတ်စား) လုပ်ငန်းတွေ အွန်လိုင်းမှာ အရောင်းအ၀ယ်လုပ်နိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။ နောက်ပြီး သူတို့ ရဲ့ ပစ္စည်းတွေကို အခြား နိုင်ငံတွေဆီကို ရောင်းချလာနိုင်တာနဲ့ အမျှ သူတို့ ရဲ့ ယှဉ်ပြိုင်မှုကလည်းတိုးတက်လာမှာဖြစ်ပါတယ်။ စီမံကိန်းက ကမ္ဘာအနှံ့ မှာရှိတဲ့ အရည်အသွေးကောင်းမွန်တဲ့ ထိုင်းထုတ်ကုန်တွေကို ၀ယ်ချင်ကြတဲ့လူတွေရဲ့ လိုအပ်ချက်ကို လည်းဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ ၀ယ်ယူမယ့် သူတွေက နောက်ပိုင်းမှာ ပိုမိုများပြားကြီးမားတဲ့ ကုန်စည်တွေ ကို မမှာယူမီ ထုတ်ကုန် အနည်းအကျဉ်းကို အစမ်းသဘော အနေနဲ့ မှာယူနိုင်ပါတယ်" ဟုပြောပြပါသည်။

ဤ၀န်ဆောင်မှုအတွက် မှတ်ပုံတင်ရန် ကျေးဇူးပြု၍ www.thaitrade.com အား ၀င်ရောက် လေ့လာဖတ်ရှုပါ ။ သို့ မဟုတ် DITP call centre ၁၁၆၉ အားဖုန်ခေါ်ဆိုပါ။

 

368225