Issue 58

DITP နှင့် Japan External Trade Organisation (JETRO) (ဂျပန်နိုင်ငံပြင်ပကုန်သွယ်ရေးဆိုင်ရာအဖွဲ့ အစည်း) တို့ မှ ပူးပေါင်း၍ Capacity Building for Thai Entrepreneurs in Hotel Management and Related Hospitality Services ဆိုသည့်ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲနှင့် ညီလာခံအား စက်တင်ဘာလ ၅ ရက် မှ ၆ ရက်အထိ ဒူးဆစ်ထနီ (Dusit Thani) ဟိုတယ် ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုသို့ ကျင်းပပြုလုပ်ရသည့် ရည်ရွယ် ချက်မှာ ထိုင်း hospitality ကဏ္ဍအား ဂျပန်နှင့် အာဆီယံနိုင်ငံများရှိ စီးပွားရေးသမားများမှ ပိုမိုသိရှိလာစေရန် အတွက် ဖြစ်ပါသည်။

DITP ၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Chantira Jimreivat Vivatrat မှ "၂၀၁၅ ခုနှစ်မှာ ဒီဝန်ဆောင်မှုကဏ္ဍ က တိုင်းပြည်ရဲ့ GDP တန်ဖိုး ၅၁ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ပြီး လုပ်သားထု ၄၅ ရာခိုင်နှုန်းကို အလုပ်ပေးနိုင်ခဲ့ပါတယ်။ Hospitality ကဏ္ဍ က အစိုးရအထူးအလေးထားတဲ့ အဓိက ကဏ္ဍတွေထဲက တစ်ခုဖြစ်ပြီး ဒီကဏ္ဍ က နိုင်ငံ အတွက် ဘဏ္ဍာငွေအများအပြားကို ရှာဖွေပေးပါတယ်" ဟုဆိုပါသည်။

ငှာနမှလည်း ဤကဏ္ဍတွင်းရှိ ထိုင်း SME (အသေးစားနှင့်အလတ်စား) လုပ်ငန်းများကို ဂျပန်၊ CLMV (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်) လေးနိုင်ငံ၊ တရုတ်၊ အိန္ဒိယ နှင့် အီရန် စသည့် နိုင်ငံများအပါအ၀င် ဦးတည်လျာထား သည့် နိုင်ငံရပ်ခြား ဈေးကွက်များတွင် စီးပွားရေးလုပ်ငန်းများဖော်ဆောင်သွားနိုင်ရန်အတွက် ပံ့ပိုးကူညီ သွားမည် ဖြစ်ပါသည်။ ၄င်းတို့ ကို ဟိုတယ်စီမံခန့် ခွဲရေး၊ စပါ၊ စားသောက်ဆိုင်၊ franchise (လုပ်ငန်း လုပ်ပိုင်ခွင့်ရယူဆောင်ရွက်ခြင်း)၊ ဟိုတယ်ဝန်ဆောင်မှုများ၊ ပရိဘောဂ ပစ္စည်းများ နှင့် အလှဆင် ပစ္စည်း လုပ်ငန်း များ ကဲ့သို့ သော ဆက်စပ်လျက်ရှိသည့် ၀န်ဆောင်မှုများ (clustered services) အားပေးအပ်ခြင်းဖြင့် ဤ ဈေးကွက်များတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် တိုက်တွန်းအားပေးထားပါသည်။

368374