Issue 58

ဂျပန်လူမျိုးများ၏ ဈာပန၀န်ဆောင်မှုများဆိုင်ရာ စီးပွားရေးကဏ္ဍသို့ ဝင်ရောက်ရန် ထိုင်းစီးပွားရေးလုပ်ငန်းများကို ကုန်သွယ်ရေးဝန်ကြီးငှာနမှ အကြံပြုပြောဆိုပါသည်။

စက်တင်ဘာလ ၂ ရက်နေ့ တွင် DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ဂျပန်နိုင်ငံရဲ့ ဇရာ လူဦးရေက ဈာပန၀န်ဆောင်မှုလုပ်ငန်းကြီး ရဲ့ တွန်အားတစ်ခုဖြစ်နေပြီး၊ သေဆုံးတဲ့ဦးရေမြင့်တက်လာတာနဲ့ အမျှ သေဆုံးကြတဲ့အချိန်မှာအသုံးပြုကြတဲ့ ၀န်ဆောင်မှု ပစ္စည်းတွေအတွက် ၀ယ်လိုအားကလည်းမြင့်မားလာတယ်လို့  ကျွန်မတို့ ရဲ့  တိုကျိုမြို့ မှာရှိတဲ့ ထိုင်းကုန်သွယ်ရေးရုံး (The Thai Trade Office) က အစီရင်ခံလာပါတယ်။ တစ်ချို့ တွေဆိုရင် သူတို့ မြတ်နိုးတွယ်တာရတဲ့ တိရိစ္ဆာန်လေးတွေရဲ့ သေဆုံးခြင်းအတွက် ဈာပနပွဲလေးတွေကို တောင်ပြုလုပ်ကျင်းပကြတယ်လို့ သိရတယ်" ဟုဆိုပါသည်။

ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများစွာရှိနေသည့် လုပ်ငန်းများတွင် အ၀တ်အထည်များ၊ နတ်ကွန်းဗိမာန်များ၊ လတ်ဆတ်သည့် ပန်းများ၊ အိမ်မွေး တိရိစ္ဆာန်များအတွက် အ၀တ်အထည်အသုံး အဆောင် ပစ္စည်းများ၊ ခေါင်းတလားများ နှင့် အထိမ်းအမှတ် ပစ္စည်းများ စသည့် လုပ်ငန်းများ ပါဝင်ကြောင်း Choklumlerd မှ ဖြည့်စွက်ပြောကြားပါသည်။

Yano Research Institute (ရာနို သုတေသန အဖွဲ့ အစည်း) ၏ ပြောကြားချက်အရ ယခုနှစ်တွင် ဤလုပ်ငန်း ကဏ္ဍကြီးမှ ယူအက်စ်ဒေါ်လာ ၁၇ ဘီလီယံ (ထိုင်းဘတ် ၅၉၀ ဘီလီယံ) ရရှိရန်မျှော်မှန်ထားကြောင်း၊ ယခင်နှစ် မှ ထက် ၀ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ကြောင်းသိရှိရပါသည်။

367929