Issue 57

နခွန် ပထုံ၊ Kasetsart တက္ကသိုလ်၊ Kamphaeng Saen ကျောင်း ပရ၀ုဏ် တွင် ဒီဇင်ဘာလ ၂ ရက်- ၁၁ ရက် နေ့ အထိ ပြုလုပ်ကျင်းပမည့် ထိုင်းနိုင်ငံ လယ်ထွန်စက် နှင့် စိုက်ပျိုးရေး စက်ယန္တရားများပြပွဲ (Thailand Tractor & Agri-Machinery Show (THAITAM)) တွင် မိမိတို့ ၏ လယ်ယာစိုက်ပျိုးရေး စက် ယန္တရားများ နှင့် သက်ဆိုင်သည့် နောက်ဆုံး ဆန်းသစ်တီထွင်မှုများကို ပြသကြရန် ကုန်သွယ်ရေးဝန်ကြီးငှာန မှ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များကို တိုက်တွန်းပြောကြားလိုက်ပါသည်။

သြဂုတ်လ ၁၀ ရက်နေ့ တွင် ကုန်သွယ်ရေးဝန်ကြီး Apiradi Tantraporn မှ "ဒီပြပွဲကြီးက အထူးသဖြင့် အာဖရိက၊ တောင်အာရှ နဲ့ အာဆီယံနိုင်ငံ စတဲ့ အပြည်ပြည်ဆိုင်ရာ ထုတ်လုပ်သူနဲ့ ဝယ်ယူသူတွေ ကို ဦးတည် ပါတယ်။ ကျွန်မတို့ က ကမ္ဘာ့ဈေးကွက်မှာ ထိုင်းနိုင်ငံကို အာဆီယံရဲ့ ဆန်းသစ်ပြောင်းလဲမှုမှာ ဦးဆောင်သူ အဖြစ်၊ နောက်ပြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆိုင်တဲ့ စက်ယန္တရားတွေကို ထုတ်လုပ်တဲ့အထင်ကရနေရာအဖြစ် နဲ့  ကုန်သွယ်ရေးဗဟို အဖြစ် ဖန်တီးနိုင်ဖို့  အတွက် ရည်ရွယ်ပါတယ်" ဟုဆိုပါသည်။

ကုန်သွယ်ရေးဝန်ကြီးငှာန၏ အချက်အလက်များအရ ထိုင်းနိုင်ငံ၏ လယ်စိုက်ပျိုးရေးဆိုင်ရာ စက်ယန္တရား ကိရိယာ လုပ်ငန်း၏တန်ဖိုးသည် သွင်းကုန် ယူအက်စ်ဒေါ်လာ ၁.၀၃ ဘီလီယံ (ထိုင်းဘတ် ၃၅.၇၃ ဘီလီယံ) နှင့် ပို့ ကုန် ယူအက်စ် ၈၇၁ မီလီယံ (ထိုင်းဘတ် ၃၀.၁၈ ဘီလီယံ) ဖြင့် ပေါင်း ယူအက်စ်ဒေါ်လာ ၁.၉ ဘီလီယံ (ထိုင်းဘတ် ၆၅.၉၁ ဘီလီယံ) ထက်ပိုမိုကြောင်းသိရှိရပါသည်။ အဓိက တင်ပို့ ရောင်းချသည့် စိုက်ပျိုးရေး ယန္တရားကိရိယာများမှာ ထယ်ဘီးများ၊ သီးနှံကြိတ်ခွဲစက်များ နှင့် အမှုန့် ကြိတ်စက်များ၊ ထွန်စက်များ၊ ရေစုပ်စက်များ နှင့် ကောက်ရိတ်ခြွေစက်များ ဖြစ်ကြပါသည်။

 

365347