Issue 57

Al Meroz Hotel တွင် သြဂုတ်လ ၂၄ ရက်နေ့  ၌ "Thailand Hala to the World" ဆိုသည့်ခေါင်းစဉ်ဖြင့် ပြုလုပ်ကျင်းပခဲ့သည့် နှီးနှောဖလှယ်ပွဲတွင် သဘာပတိအဖြစ် DITP ဒုတိယညွှန်းကြားရေးမှူးချုပ် Matyawongse Amatyakul မှ ဆောင်ရွက်ပေးခဲ့ပါသည်။

ထိုနှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးပြောကြားသူများမှ ဟာလာဈေးကွက် နှင့်သက်ဆိုင်သည့် သတင်းအချက် အလက်များနှင့် ထင်မြင်ယူဆချက်များ၊ ထို့ အပြင် ထိုင်းဟာလာထုတ်ကုန်များကို ပိုမို တင်ပို့ ရောင်းချနိုင်ရေး အတွက် အကြံများကို ပေးအပ်ခဲ့ကြပါသည်။

ထိုင်းနိုင်ငံ၏ အမျိုးသား စားသောက်ကုန် အဖွဲ့ အစည်း (Thailand's National Food Institute) ၏ အချက် အလက်များအရ၊ ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ်၏ ဟာလာ စားသောက်ကုန် တင်ပို့ ရောင်းချရခြင်းများမှ ယူအက်စ် ၆ ဘီလီယံ (ထိုင်းဘတ် ၂၀၀ ဘီလီယံ) ရရှိခဲ့ပြီး ကမ္ဘာ့ထိပ်တန်း အဆင့် ၁၀ နေရာ အားရရှိခဲ့ပါ သည်။ လွန်ခဲ့သည့် ငါးနှစ်မှစတင်၍ ဟာလာစားသောက်ကုန်တင်ပို့ ရောင်းချသည့် လုပ်ငန်းမှာ နှစ်စဉ် ၈ % တိုးတက်လာခဲ့ပါသည်။

 

368777