Issue 57

ထိုင်းကုမ္ပဏီများသည် ထိုင်းကုန်စည်များကို တရုတ်နိုင်ငံတလွှား ဖြန့် ဖြူးရောင်းချနိုင်ရန်အတွက် ၄င်းဇုံအား အသုံးပြုရန် ချင်ဇောင်းကုန်သွယ်မှုကင်းလွတ်ခွင့် ပေါ့တ် ဧရိယာ (Qinzhou Free Trade Port Area) စီမံရေး အာဏာပိုင်မှ တိုက်တွန်းထားကြောင်း DITP ၏ ဒုတိယ ညွှန်ကြားရေးမှူး Chantira Jimreivat Vivatrat မှ သြဂုတ်လ ၄ ရက်နေ့ ကပြောပြပါသည်။

ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပထမ နှစ်နှစ် အတွင်း ထို ပေါ့တ် ကို အသုံးပြု၍ အွန်လိုင်း တွင် ကုန်စည်များကို အခမဲ့ ရောင်းချနိုင်မည်ဖြစ်ပါမည်။ ထို့ နောက်တွင်မှ ရောင်းချရသည့် တန်ဖိုးပေါင်း၏ ၅ % ကို ပေးဆောင်သွားရန်ဖြစ်ပါသည်။ ၄င်းပြင်၊ ဈေးကွက်ဆိုင်ရာဝန်ဆောင်မှုများ၊ ၀ယ်ယူ သုံးစွဲသူ ဖောက်သည်များ နှင့် အင်ပို့ တ်ဆိုင်ရာ လုပ်ကိုင်မှုစနစ်များအစရှိသည်တို့ နှင့်သက်ဆိုင်သည့် စည်းမျဉ်းဥပဒေများ၊ စီးပွားရေး လိုက်ဖက်ညီသည့်ဆောင်ရွက်မှုများ အပြင် ဘာသာစကားဆိုင်ရာ အစရှိသည့် ၀န်ဆောင်မှုများကို တရုတ်မှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။

"စားသောက်ကုန်၊ ကျန်းမာရေးနဲ့ ဆိုင်တဲ့ထုတ်ကုန်တွေ၊ gift (လက်ဆောင်၊ မွေးရာပါအရည်အချင်း) နဲ့ အိမ် အလှဆင်ပစ္စည်းတွေ၊ OTOP ပစ္စည်းတွေနဲ့ သစ် အပါအ၀င် ထိုင်းကုန်စည်တွေက တရုတ်ဈေးကွက်မှာ အလား အလာအများကြီးကောင်းနေပါတယ်" ဟု Vivatrat မှပြောပြပါသည်။

ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု ၍ Nanning ရှိ DITP ရုံးသို့ အီးမေးလ် This email address is being protected from spambots. You need JavaScript enabled to view it. သို့ ရေးသား ပေးပို့ မေးမြန်းနိုင်ပါသည်၊ သို့ မဟုတ် www.ditp.go.th အားဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

 

368932