Issue 57

သက္ကရာဇ် ၂၀၂၀ ခုနှစ်တွင် ယူအက်စ် ဒေါ်လာ ၁၁၅ ဘီလီယံ အထိ တန်ဖိုးရှိလာနိုင်သည်ဟု ခန့် မှန်းထား သော၊ ဆေးဖက်ဝင်အပင်များနှင့် ဖော်စပ်ထားသည့် ဖြည့်စွက်အားဆေးများ နှင့် ဆေးဝါးများဆိုင်ရာ ကမ္ဘာ့ ဈေးကွက်တွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအား တိုက်တွန်းနှိုးဆော် ထားပါသည်။ DITP ၏ အချက်အလက်အရ ၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့ဆေးဖက်ဝင်အပင်များဆိုင်ရာဈေးကွက်၏ တန်ဖိုးသည် ယူအက်စ်ဒေါ်လာ ၈၃ ဘီလီယံ ထက်သာလွန်ကြောင်း သိရှိရပါသည်။

သြဂုတ်လ ၁၁ ရက်နေ့ တွင် DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ကမ္ဘာ့ဈေးကွက်မှာ ဆေးဖက်ဝင်အပင်တွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေရဲ့ ဝယ်လိုအားက တိုးတက်လာနေတယ်။ ဘာကြောင့် ဆိုရင် ကျန်းမာရေးနဲ့  wellness နဲ့ ပတ်သက်တဲ့ ဗဟုသုတရှိတဲ့ စားသုံးသူတွေများပြားလာတဲ့ အတွက်ကြောင့် ပါ။ ထိုင်းထုတ်လုပ်သူတွေအနေနဲ့  ကမ္ဘာ့ အဆင့်အတန်းမီအောင် ဆေးဖက်ဝင်တဲ့အရာတွေနဲ့ ထုတ်လုပ်တဲ့ ပစ္စည်းတွေရဲ့ အရည်အသွေးကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်သင့်ပါတယ်။ အထူးသဖြင့် ကုန်ကြမ်း ပစ္စည်းတွေနဲ့ သူတို့ ရဲ့ အကျိုးထိရောက်မှု အရည်အသွေးတို့ ကိုပါ" ဟုဆိုပါသည်။

၂၀၁၆ ခုနှစ်၏ ပထမခြောက်လအတွင်းတွင် ထိုင်းနိုင်ငံ၏ ဆေးဖက်ဝင်အပင်များနှင့်ထုတ်လုပ်သည့်ပစ္စည်းများ ကို တင်ပို့ ရောင်းချရသည့် တန်ဖိုးသည် ယူအက်စ် ဒေါ်လာ ၃.၈ မီလီယံ (ထိုင်းဘတ် ၁၃၃ မီလီယံ) ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်၏ ပထမခြောက်လထက် ၁၁% ပိုမိုခဲ့သည်။ အဓိကဈေးကွက်များမှာ မြန်မာ၊ တရုတ် နှင့် အမေရိကန် နိုင်ငံများဖြစ်ကြပါသည်။

 

386820