Issue 57

ကုန်သွယ်ရေးဝန်ကြီး Apiradi Tantraporn မှ ယခုနှစ်အတွင်းမှ စတင်၍ ၂၀၃၅ ခုနှစ်အထိ အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် ၀န်ကြီးငှာန၏ နှစ် ၂၀ စီးပွားရေးဆိုင်ရာနည်းဗျူဟာအား သြဂုတ်လ ၁၈ ရက်နေ့ က ထုတ်ပြန်ကြေငြာခဲ့ပါသည်။

အဓိက မဟာဗျူဟာ ငါးမျိုးမှာ - ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားမှု ရှေ့ တွင် ကုန်သွယ်ရေးဆိုင်ရာဝန်ဆောင် မှု များအား ကြိုတင်၍ အားပေးကူညီရန်၊ စွန့် ဦး နှင့် အသေးစားနှင့် အလတ်စား လုပ်ငန်း များ ကို အားပေး မြှင့် တင် ရန်၊ ကုန်စည်ထုတ်လုပ်ခြင်း၏ရှေ့ တွင် ဈေးကွက်ဖော်ဆောင်ရေးအား ကြိုတင်၍ အားပေးကူညီရန် နှင့် ထိုင်းနိုင်ငံအား ဒေသတွင်းကုန်သွယ်ရေးဆိုင်ရာဗဟိုဖြစ်လာစေရန်၊ ချမှတ်ပြငှာန်းထားသည့် စည်းမျဉ်း စည်းကမ်းများကို ပြုပြင် ပြင်ဆင်ရန် နှင့် စီးပွားရေးအတွက် ဆန်းသစ်ပြောင်းလဲတီထွင်နိုင်ခြင်းအား အားပေး ကူညီရန်၊ နှင့် တောင်သူလယ်သမားများအား ၄င်းတို့ ၏ကုန်စည်များကို ၄င်းတို့ ကိုယ်တိုင် ဈေးကွက်တွင်း ရောင်းချရန်အတွက် တိုက်တွန်းအားပေးရန်များဖြစ်ပါသည်။

"ကျွန်မတို့ က စားသောက်ဆိုင်၊ စပါ၊ ဆေးဝါးဆိုင်ရာဝန်ဆောင်မှုတွေ၊ hospitality၊ ရုပ်ရှင်နဲ့  အန်နီမေးရှင်း စတဲ့လုပ်ငန်းတွေအပါအ၀င် ရည်ရွယ်ဦးတည်ထားတဲ့ ၀န်ဆောင်မှုနဲ့ ဆိုင်တဲ့ စီးပွားလုပ်ငန်း ကုန်သွယ်ရေး အတွက် အလေးထားဆောင်ရွက်သွားပါမယ်။ စားသုံးသူတွေလက်ခံတာနဲ့ တိုင်းပြည်က ဒီဝန်ဆောင်မှုလုပ်ငန်း တွေနဲ့ ဆိုင် တဲ့ ပစ္စည်းတွေကို ပိုပြီးတင်ပို့ ရောင်းချသွားနိုင်မှာဖြစ်ပါတယ်" ဟု ၀န်ကြီးငှာန၏ ၉၆ ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ကုန်သွယ်ရေးဝန်ကြီး Tantraporn မှပြောဆိုခဲ့ပါသည်။

 

366077