Issue 57

CLMV (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ်) လေးနိုင်ငံအားရှေးရှု ၍ DITP မှ လာမည့် ဘဏ္ဍာရေး နှစ်၌ အာဆီယံနိုင်ငံများအတွင်း ပို့ ကုန်ကဏ္ဍနှင့်သက်ဆိုင်သည့် လုပ်ငန်းများကို မြှင့်တင်ရန်အတွက် ၄င်း၏ ဘတ်ဂျက်ပမာဏပေါင်း ယူအက်စ်ဒေါ်လာ ၅၇.၇၂ မီလီယံ (ထိုင်းဘတ် ၂ ဘီလီယံ) ၏ ၂၅ % အထိ ခွဲဝေ သုံးစွဲသွားမည် ဖြစ်ပါသည်။

DITP ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "DITP က ဘတ်ဂျက်ကို ကုန်သွယ်ရေးဝန်ဆောင်မှုတွေ နဲ့  ကုန်စည်တွေ ကို လူသိများလာစေဖို့ အတွက် ကုန်စည်ပြပွဲတွေကျင်းပတာ၊ ကုန်တိုက်ကြီးတွေမှာ ပရိုမိုးရှင်း ပွဲတွေကျင်းပတာ၊ ထိုင်းကုန်သည်တွေနဲ့ ဒေသခံဖြန့် ဖြူးရောင်းချသူတွေအတွက် ကွန်ယက်တည်ထောင်ပေး တာ အစရှိတဲ့နေရာတွေမှာ သုံးစွဲသွားမှာဖြစ်ပါတယ်" ဟု သြဂုတ်လ ၂၁ ရက်နေ့ ကပြောကြားပါသည်။

ကျန်ရှိသည့် ဘတ်ဂျက်မှ ၂၅% အား အရှေ့ အာရှနှင့် Oceania (တောင်ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ ကျွန်းနိုင်ငံ များ)၊ ၂၀% အား အနောက်ဥရောပ၊ ၁၀% အားအမေရိကရှိ နိုင်ငံများ၊ ၅% စီ အား တောင်အာရှ၊ အာဖရိက၊ အရှေ့ အလယ်ပိုင်း နှင့် အရှေ့ ဥရောပ အစရှိသည့် အခြားဈေးကွက်များတွင် ကူးသန်းရောင်းဝယ်ရေးကဏ္ဍ အား မြှင့်တင်ရန်အတွက် သုံးစွဲသွားမည်ဖြစ်ပါသည်။

 

 

368762