Issue 56

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အရည်အသွေးကြီးကြပ်ကွပ်ကဲ၊ စစ်ဆေး၊ ထိန်းချုပ်ရေး အထွေထွေစီမံခန့် ခွဲရေး ငှာန (General Administration of Quality Supervision, Inspection and Quarantine of the People's Republic of China (AQSIQ)) ၏ပြောကြားချက်အရ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စားသောက်ကုန် ၀ယ်ယူတင်သွင်းမှုမှာ ၂၂.၆% တိုးမြင့်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၂၀.၃၂ ဘီလီယံ တန်ဖိုး ရှိကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံတွင်းသို့ စားသောက်ကုန်အများဆုံးတင်ပို့ ရောင်းချကြသည့်နိုင်ငံများမှာ အာဆီယံနိုင်ငံများ၊ အီးယူ၊ အမေရိကန်နိုင်ငံ၊ နယူးဇီလန်နိုင်ငံနှင့် ဘရာဇီးနိုင်ငံများဖြစ်ကြကာ၊ အာဆီယံနိုင်ငံများမှ တင်ပို့ ရောင်းချသည့် ဈေးကွက်ရာခိုင်နှုန်းမှာ ၂၅ %ရှိပါသည်။ အဓိကတင်ပို့ ရောင်းချကြသည့် ကုန် ပစ္စည်းများမှာ အစေ့အဆန်များမှ ထုတ်လုပ်သည့် စားသုံးဆီ၊ ရေထွက်ကုန်များ၊ အသား နှင့် နို့ ထွက်ပစ္စည်းများဖြစ်ကြပါသည်။

ချန်ဒူ (Chengdu) ရှိ DITP ရုံးမှ တရုတ်နိုင်ငံသည် ၄င်း၏ စားသောက်ကုန် ၀ယ်ယူတင်သွင်းမှုကိုတိုးမြင့် လိမ့်မည်ဟု ခန့် မှန်းနေပြီး၊ ဤသည်မှာ ထိုင်းစားသောက်ကုန်တင်ပို့ ရောင်းချသူများအတွက် အခွင့်အလမ်း ကောင်းပင်ဖြစ်ပါသည်။

DITP ရုံးမှ "စားသောက်ကုန် တင်ပို့ ရောင်းချသူတွေအနေနဲ့ ဦးစားပေးလုပ်ဆောင်ရမှာက စားသောက်ကုန်ရဲ့  အရည်အသွေးကောင်းဖို့ နဲ့ ဘေး အန္တရာယ်ကင်းဖို့ အတွက်၊ နောက်ပြီး AQSIQ ကပြငှာန်းထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ လမ်းညွှန်တွေအတိုင်းလိုက်နာဆောင်ရွက်ဖို့ ပဲဖြစ်ပါတယ်" ဟု ဇူလိုင်လ ၂၁ ရက်နေ့ က ထုတ်ပြန်လိုက်သည့် အစီရင်ခံစားတွင်ရေးသားဖော်ပြထားပါသည်။ ၄င်းပြင် အလှအပရေးရာနှင့် ကျန်းမာရေး စောင့်ရှောက်မှု၊ wellness၊ ခရီးသွားလုပ်ငန်း၊ ဖျော်ဖြေရေးနှင့် အပန်းဖြေရေး လုပ်ငန်းများအတွက် အခွင့်အလမ်း များကိုလည်း မီးမောင်းထိုးဖော်ပြထားပါသည်။

 

 

368596