Issue 56

ဇူလိုင်လ ၂၉ ရက်နေ့ က DITP မှထုတ်ပြန်လိုက်သည့် အချက်အလက်များအရ ကမ္ဘာအင်အားကြီးနိုင်ငံသည် ထိုင်းနိုင်ငံအပါအ၀င် ပင်လယ်ရပ်ခြား နိုင်ငံများမှ နာနတ်သီးဝယ်ယူမှုများအား တိုးမြင့်နေသည့်အတွက် ၂၀၁၆ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ နာနတ်သီးထုတ်ကုန်ဈေးကွက်မှာ ၅ % မှ ၈ % ၊ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ တန်ဖိုးအထိ ကြီးမားကျယ်ပြန့် လာမည် ဟု ခန့် မှန်းထားကြောင်း သိရှိရပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ယူအက်စ်က အခြားနိုင်ငံတွေဆီကို ပြန်ပြီး အိတ်စ်ပို့  မလုပ်ခင်မှာ နာနတ်သီး ထုတ်ကုန်တွေကို ပိုပြီးဝယ်ယူပါလိမ့်မယ်။ ဒီဈေးကွက်အတွက် ထိုင်း နာနတ်သီး စည်သွတ်ဗူးနဲ့ နာနတ်သီးဖျော်ရည် တွေက အလားအလာရှိတဲ့ ကုန်ပစ္စည်း နှစ်ခုပါ။ ယူအက်စ်ကလည်း ထိုင်းနိုင်ငံကနေ ပိုပြီးဝယ်ယူလိမ့်မယ်" ဟုပြောပြပါသည်။

၂၀၁၅ ခုနှစ် ဈေးကွက် ရာခိုင်နှုန်း ၅၉% နှင့် ၄၈% အသီးသီးဖြင့် ထိုင်းနိုင်ငံသည် ယူအက်စ်သို့ နာနတ်သီး စည်သွတ်ဗူး နှင့် နာနတ်သီးဖျော်ရည် အများဆုံးတင်ပို့ ရောင်းချသူဖြစ်ခဲ့ပါသည်။

ထိုင်းထုတ်လုပ်သူများအနေဖြင့် ထုတ်ကုန်အမျိုးအစားမြောက်မြားစွာထုတ်လုပ်သင့်ကြောင်း Choklumlerd မှ အကြံပြုပြောဆိုပါသည်။ "အမေရိကန်လူမျိုးစားသုံးသူတွေက အခြားမုန့် ပဲသားရေစာတွေအစား အထူးသဖြင့် နာနတ်သီးခြောက်လိုမျိုး သစ်သီးခြောက်၊ ဟင်းသီးဟင်းရွက်ခြောက်တွေကို ပိုပြီးစားချင်လာကြတယ်" ၄င်းမှ ဖြည့်စွက်ပြောကြားပါသည်။

 

365131