Issue 56

၂၀၁၅ ခုနှစ်တွင် ဈေးကွက် ယူအက်စ်ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိခဲ့ပြီး၊ အနာဂတ်တွင် ဈေးကွက်ကြီးဖြစ်လာ နိုင်သည့် အမေရိကန်နိုင်ငံ၏ စားသုံးနိုင် သည့်အင်ဆက်ပိုးမွှားဈေးကွက်ကို ပစ်မှတ်ထားရန် ထိုင်းစီးပွားရေး လုပ်ငန်းများအား DITP မှတိုက်တွန်း အားပေးလျက်ရှိပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ထိုင်းနိုင်ငံမှာ အင်းဆက်ပိုးမွှားနဲ့ လုပ်တဲ့စားသောက် ကုန်တွေ ကို ထောက်ပံ့ပေးသွင်းနိုင်မဲ့ အလားအလာကမြင့်မြင့်မားမားရှိနေပါတယ်။ ဘာကြောင့်ဆိုရင် ကျွန်မတို့  နိုင်ငံမှာ စားသုံးနိုင်တဲ့ အင်းဆက်အမျိုးအစား ၃၀၀ ကျော်လောက်ရှိနေလို့ ပါ။ အစပိုင်းမှာတော့ လုပ်ငန်းရှင်တွေ အနေနဲ့ စားသုံးသူတွေဆီကို အင်းဆက်မှုန့် တွေကို ရောင်းချနိုင်လောက်ပါတယ်။ စားသုံးသူတွေအနေနဲ့ အဲဒီ အမှုန့် ကို ကျွမ်းဝင်လာပြီဆိုတာနဲ့ ချက်ပြုတ်ထားတဲ့ အင်းဆက်ပိုးမွှားတွေလိုမျိုး အခြားမီနူးတွေကို လှလှပပ ဆွဲဆောင်မှုရှိရှိ ထုပ်ပိုးပြီးရောင်းချနိုင်မှာဖြစ်ပါတယ်" ဟု သြဂုတ်လ ၂ ရက်နေ့ ကဆိုပါသည်။

DITP မှရရှိသည့် အချက်အလက်များအရ မကြာမီနှစ်များအတွင်း အမေရိကန်နိုင်ငံ၏ အင်းဆက်စားသုံးမှုနှုန်းမှာ တရှိန်ထိုးမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။ ယခုအခါတွင် အမေရိကန်နိုင်ငံ၏ ပြည်နယ် ၁၆ ခုတွင် အင်းဆက်ဖြင့်ပြုလုပ်သည့်အစားအသောက်များကိုရောင်းချနေသော စားသောက်ဆိုင်ပေါင်း ၁၁၀ ဆိုင်ရှိနေပြီ ဖြစ်ပါသည်။ မီနူးများတွင် နှံကောင် ထားခိုစ် (grasshopper tacos)၊ ပိုးစာကောင်ပိုးတုံးလုံကြော်၊ ပုရစ်မှုန့် ဖြင့် ပြုလုပ်ထားသည့် ပရိုတင်းချောင်းများ နှင့် ကွတ်ကီးများ၊ နှင့် ချော့ကလက်အုပ်ပုရစ် များပါဝင်ပါသည်။

 

 

365903