Issue 56

မလေးရှားနိုင်ငံမှထွက်ရှိသည့် ဒူးရင်းသီးများ၏ ကြီးမားသည့်ဈေးကွက်တွင်ကျယ်မှုကို တွေ့ ရှိပြီးနောက်ပိုင်း ကုန်သွယ်ရေးဝန်ကြီးငှာနမှ ၄င်း၏စဉ်ဆက်မပြတ်ပြုလုပ်နေသည့် ကမ်းပိန်းအစီအစဉ်တစ်စိတ်တစ်ဒေသ အဖြစ် ရှော့ပင်းမောလ်များ ၌ ထိုင်းဒူးရင်းသီးများကို ပရိုမိုးရှင်း ပြုလုပ်ရန်အတွက် ဟောင်ကောင်နိုင်ငံသို့  ဒူးရင်းသီးများ ကို ပိုမိုတင်ပို့ ကြရန် အတွက် တိုက်တွန်းအားပေးလျက်ရှိကြောင်း ကုန်သွယ်ရေးဝန်ကြီး Apiradi Tantraporn မှ ဇူလိုင်လ ၃၁ ရက်နေ့ ကပြောကြားခဲ့ပါသည်။

ဟောင်ကောင် DITP ရုံးအား ထိုင်းဒူးရင်းသီး၊ အထူးသဖြင့် ပြုပြင်ထုတ်လုပ်ထားသည့် ဒူးရင်းသီးစားသောက် ကုန် များ တင်ပို့ ရောင်းချခြင်း ကို တိုးမြင့်မည့် အစီအစဉ်ရေးဆွဲရာ၌ အထောက်အကူဖြစ်စေရန်အတွက် ဟောင်ကောင်ရှိ ဒူးရင်းသီးစားသုံးမှုအခြေအနေကို စစ်တမ်းကောက်ယူရန် Tantraporn မှညွှန်ကြား ထားပါ သည်။ ၄င်းမှ "အခုဆိုရင် မွန်ထော် (Mon Thong) နဲ့ ကန်ရောင် (Kan Yao) ဒူးရင်းသီးက ဟောင်ကောင်မှာ လူသိများနေတဲ့ ဒူးရင်းသီးတွေပါ။ ဈေးကွက်မှာ ထိုင်းဒူးရင်းသီးက ၉၅ % ရှိပြီး အိတ်စ်ပို့ တန်ဖိုးက အမေရိကန် ဒေါ်လာ ၃၀၇ မီလီယံ ရှိပါတယ်" ဟုဆိုပါသည်။

အချက်အလက်များအရ ဟောင်ကောင်ရှိ မလေးရှားဒူးရင်းသီးဈေးကွက်မှာ ၂၀၁၁ ခုနှစ်တွင် ၅.၉၁% မှ ၂၀၁၅ ခုနှစ်တွင် ၂၅% အထိ လျင်မြန်စွာတိုးတက်လာခဲ့ကြောင်းသိရှိရပါသည်။ ထို့ ကြောင့် ထိုင်းနိုင်ငံ၏ ဒူးရင်းသီး ဈေးကွက်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် DITP မှ AEON၊ Apita နှင့် Park n Shop အပါအ၀င် ဒေသတွင်းရှိ ရှော့ပင်းမောလ်များ ၌ Thailand Food Fair အားကျင်းပရန်အတွက် ပြင်ဆင် ဆောင်ရွက်လျက် ရှိနေပါသည်။

 

368290