Issue 56

DITP နှင့် ထိုင်းနိုင်ငံ၏ကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်းအဖွဲ့ အစည်း (the Gem and Jewelry Institute of Thailand (GIT)) တို့ မှကြီးမှူး၍ 'Towards a Global Leader in the Gems and Jewelry Industry' ဆိုသည့်ခေါင်းစဉ်ဖြင့် ညစာစား ဆွေးနွေး ပွဲကြီးအား ဘန်ကောက်၊ Holiday Inn Silom ဟိုတယ်၌ သြဂုတ်လ ၈ ရက်နေ့ ကကျင်းပပြုလုပ်ခဲ့ပါသည်။

ညစာစားပွဲ၌ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် ကုန်သွယ်ရေးဝန်ကြီး Apiradi Tantraporn မှ "ကျောက်မျက်နဲ့ လက်ဝတ်ရတနာလုပ်ငန်းက တိုင်းပြည်ရဲ့ စီးပွားရေးကဏ္ဍအတွက် အရေးပါတဲ့ စီးပွား လုပ်ငန်းဖြစ်ပါတယ်။ [...] ကျောက်မျက်နဲ့ လက်ဝတ်ရတနာ တင်ပို့ ရောင်းချတဲ့ လုပ်ငန်းက စဉ်ဆက်မပြတ် ကြီးပွားတိုးတက်နေပြီး၊ နိုင်ငံအတွက် ဘဏ္ဍာငွေ ယူအက်စ်ဒေါ်လာ ၇.၁၈ ဘီလီယံ ကျော်ကိုရှာဖွေပေးနိုင် တဲ့အတွက် ထိုင်းနိုင်ငံက ကမ္ဘာမှာ ကျောက်မျက်နဲ့ လက်ဝတ်ရတနာတင်ပို့ ရောင်းချတဲ့ ၁၂ ဦးမြောက် အကြီးမားဆုံး နိုင်ငံဖြစ်နေပါတယ်" ဟုဆိုပါသည်။

အခမ်းအနားတွင် အဓိကမိန့် ခွန်းပြောကြားသူ၊ CIBJO (ကမ္ဘာ့ကျောက်မျက်ရတနာ မဟာမိတ်အဖွဲ့ ) ဥက္ကဌ Gaetano Cavalieri မှ "ထိုင်းနိုင်ငံက ကုန်ကြမ်း ပစ္စည်းတွေနဲ့ ထုတ်လုပ်ရေးအတွက် ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံး ရောင်စုံကျောက်မျက် စင်တာနှစ်ခုထဲကတစ်ခုဖြစ်ပါတယ်။ ဘန်ကောက် ကျောက်မျက်နဲ့  လက်ဝတ်ရတနာ ပြပွဲကြီးကို ဒေသတွင်းဆိုင်ရာ ပြပွဲကြီး၊ ဧရာမဈေးကွက်ကြီး ဖြစ်တဲ့ အာဆီယံအတွက် gateway အဖြစ် ပြသသင့်ပါတယ်" ဟုဆိုပါသည်။

DITP မှ ကြီးမှူး၍ ၅၈ ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကြီး (BGJF) အား ဘန်ကောက်၊ Muang Thong Thani၊ IMPACT၊ Challenger ခန်းမတွင် စက်တင်ဘာလ ၇ ရက်မှ ၁၁ ရက် နေ့  အထိပြုလုပ်ကျင်းသွားမည်ဖြစ်ပါသည်။ ပြပွဲကြီး ၌ အဓိကတွေ့ မြင်ရမည့် အရာများတွင် သက်ကြီး ရွယ်အို များအတွက် 60+Exhibition၊ အမျိုးသားများအတွက် Gemstlemen ၊ တိရိစ္ဆာန်လေးများကိုချစ်ကြ သူများ အတွက် Pet Parade နှင့် အထူးပွဲလမ်းသဘင်များအတွက် The Moments စသည့် လက်ဝတ်ရတနာ ပြခန်းများ ပါဝင်မည်ဖြစ်ပါသည်။

 

 

368567