Issue 55

ကုန်သွယ်ရေးဝန်ကြီးငှာနမှ ကြီးထွားလာနေသည့် ကမ္ဘာ့စီနီယာ (အသက်ကြီးရင့်သူ) ဈေးကွက် တွင်ပါဝင်ယှဉ် ပြိုင်နိုင်ရန်အတွက် ထိုင်းနိုင်ငံအား အသက်အရွယ်ကြီးရင့်သူများ ပြုစုစောင့်ရှောက်ရေးဆိုင်ရာဗဟို ဖြစ်လာစေ ရန်အတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီး အဖီရာဒီ တန်တြာပွန် (Apiradi Tantraporn) မှ ဇူလိုင်လ ၁၉ ရက်နေ့ ကထုတ်ပြန်ကြေငြာခဲ့ပါသည်။

တန်တြာပွန် (Tantraporn) မှ "ထိုင်းနိုင်ငံက ၀န်ဆောင်မှုတွေအပေါ် အလေးထားတဲ့လူတွေအတွက်၊ လူနာတွေနဲ့ သူတို့ ရဲ့ မိသားစုတွေ စိတ်အပန်းဖြေပြီး အားပြည့်လန်းဆန်းလာစေဖို့ အတွက် ကုန်ကျ စရိတ် သက်သာတဲ့ ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုတွေ၊ ကမ္ဘာ့အဆင့်မီပြီး နိုင်ငံတကာက အသိ အမှတ် ပြုထားတဲ့ ကျန်းမာရေးဆိုင်ရာ facilities တွေ နဲ့  ကမ္ဘာလှည့်ခရီးသည် လည်ပတ်စရာနေရာတွေရှိတဲ့ အတွက် ကြောင့် ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ ဆိုင်တဲ့ဝန်ဆောင်မှုတွေအတွက် အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်လာ နိုင်ပါ တယ်" ဟုဆိုပါသည်။

ထိုင်းနိုင်ငံ ၌ လက်ရှိတွင် ကျန်းမာရေးနှင့်ဆိုင်သည့် ၀န်ဆောင်မှုစီးပွားရေးလုပ်ငန်းပေါင်း ၄၀၀ ၀န်းကျင်ရှိနေပြီး ၄၉.၂% မှာ ဘန်ကောက်မြို့ တော်တွင်တည်ရှိနေပါသည်။

 

386974