Issue 55

ထိုင်းစက်မှုလုပ်ငန်းဖယ်ဒရေးရှင်း (Federation of Thai Industries (FTI)) သည် စက်တင်ဘာလ ၇ ရက်မှ ၁၁ ရက်နေ့ အထိ ဘန်ကောက်၊ မွမ်ထုံထနီ၊ Impact၊ Challenger ခန်းမ၌ ကျင်းပမည့် ၅၈ ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကြီး ၂၀၁၆ ခုနှစ် (58th Bangkok Gems and Jewelry Fair 2016 (BGJF58)) အားကြီးမှူးကျင်းပမည့် DITP အားပြည့်ပြည့်၀၀ အားပေးထောက်ခံပေးနေပါသည်။

နိုင်ငံတွင်းရှိ ကျောက်မျက်နှင့် လက်ဝတ်ရတနာကုမ္ပဏီများကဏ္ဍ ပိုမိုကြီးထွားခိုင်မာလာစေရေး နှင့် ကမ္ဘာ့ ဈေးကွက်အလယ်တွင်ယှဉ်ပြိုင်နိုင်စေရေးအတွက် ထိုင်းစက်မှုလုပ်ငန်းဖယ်ဒရေးရှင်း (FTI) သည် DITP နှင့် ပူးပေါင်း၍ အားပေးမြင့်တင်ပေးလျက်ရှိပါသည်။

ထိုင်းစက်မှုလုပ်ငန်းဖယ်ဒရေးရှင်း (FTI) ၏ ဥက္ကဌ ချန် နမ်ချိုင်စရီ (Chen Namchaisiri) မှ "၅၈ ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နဲ့ လက်ဝတ်ရတနာပြပွဲကြီး (BGJF58) က ထိုင်းနိုင်ငံမှာရှိတဲ့ ကျောက်မျက်နဲ့  လက်ဝတ်ရတနာလုပ်ငန်းတွေကို နိုင်ငံပေါင်း ၁၆၀ ကျော်က ကုမ္ပဏီတွေ၊ ၀ယ်ယူသုံးစွဲသူတွေနဲ့ တွေ့ ဆုံ စေနိုင်မယ်၊ တီထွင်ဆန်းသစ်မှုတွေနဲ့ ဗဟုသုတတွေကို ဖလှယ်စေနိုင်မယ်၊ နောက်ပြီး ကူသန်းရောင်းဝယ်ရေး ကိုပြုစေနိုင်မှာ ဖြစ်ပါတယ်" ဟုဆိုပါသည်။

 

368788