Issue 55

ဟောင်ကောင်ရှိ DITP ရုံး၏အစီရင်ခံစာအရ ထိုင်းနိုင်ငံသည် ၂၀၁၆ ခုနှစ် ပထမလေးလပတ်ကာလအတွင်း ဈေးကွက်ရှယ်ယာ ၅၉.၅% ဖြင့် ဟောင်ကောင်နိုင်ငံသို့ ဆန်အများဆုံးတင်ပို့ ရောင်းချသူအဖြစ်ရပ်တည် လျက်ရှိနေပါသည်။

သို့ သော် ကုန်သွယ်ရေးဝန်ကြီး အဖီရာဒီ တန်တြာပွန် (Apiradi Tantraporn) မှ ယေဘုယျအားဖြင့် ကျဆင်းနေသည့် ၀ယ်ယူသုံးစွဲမှုပြဿနာအားဖြေရှင်းနိုင်ရန် ထိုင်းကုမ္ပဏီများအနေဖြင့် ကုန်ပစ္စည်း အမျိုးပေါင်း မြောက်မြားစွာထုတ်လုပ်သင့်ကြောင်း အကြံပြုပြောဆိုထားပါသည်။

တန်တြာပွန် (Tantraporn) မှ "မျိုးဆက်သစ်တွေဆန်စားတာ လျော့နည်းလာတဲ့အကြောင်းကို ဖြေရှင်းဖို့  အတွက် ထိုင်းကုမ္ပဏီတွေအနေနဲ့ သူတို့ ရဲ့ အဓိကအခြေခံဖောက်သည်ကဏ္ဍကို တိုးချဲ့ သင့်ပြီး၊ တန်ဖိုးပိုမြင့် တက်လာနိုင်ဖို့ အတွက် ဆန်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်သစ်တွေကို ထုတ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်" ဟုဆိုပါသည်။

၂၀၁၆ ခုနှစ် ဧပြီလတွင် ဟောင်ကောင်သည် ဆန်တန်ချိန်ပေါင်း ၃၀,၄၉၇ တန် အားတင်ပို့ ရောင်းချနိုင်ခဲ့ ပါ သည်။ တင်ပို့ ရောင်းချသော ရနံ့ မွှေးဆန် တန်ချိန်ပေါင်း ၂၉,၀၆၅ တန် မှ ဆန်တန်ချိန်ပေါင်း ၁၇,၉၁၆ တန် မှာ ထိုင်းနိုင်ငံမှ တင်ပို့ ထားခြင်းဖြစ်ပါသည်။ ဟောင်ကောင်မှတင်ပို့ ရောင်းချသော ရနံ့ မွှေးဆန်၏ ၅၉.၆ % မှာ ထိုင်းနိုင်ငံမှဖြစ်ပြီး၊ ၂၈.၅% ဖြင့် ဗီယက်နမ်နိုင်ငံသည် ထိုင်းနိုင်ငံ၏နောက်တွင်ရှိနေပါသည်။

368788