Issue 55

ထိုင်းနိုင်ငံနှင့် ဥရောပနိုင်ငံများကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုအား တိုးမြှင့်ရန်ရည်ရွယ်၍ ကုန်သွယ်ရေး ၀န်ကြီးငှာန၏ ဒုတိယ၀န်ကြီး စူဗစ် မေစင်စီး (Suvit Maesincee) သည် ယူကေနိုင်ငံသို့ ဇူလိုင်လ ၁၁ ရက်နေ့  မှ ၁၄ ရက်နေ့ အထိ တရားဝင်ခရီးစဉ်အဖြစ်သွားရောက်လည်ပတ်ခဲ့ပါသည်။

ခရီးစဉ်အတွင်း ကုန်သွယ်ရေးဝန်ကြီးငှာန၏ ဒုဝန်ကြီး နှင့် အဖွဲ့ သည် ယဉ်ကျေးမှု၊ တီထွင်ဖန်တီးမှု၊ တန်ဖိုးမြင့် ၀န်ဆောင်မှုများနှင့် နည်းဗျူဟာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအတွက် ယူကေနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ဆန်းသစ်ပြောင်းလဲမှု နှင့် တတ်ကျွမ်းမှု များဆိုင်ရာငှာန ၏ ကိုယ်စားလှယ်များနှင့်တွေ့ ဆုံဆွေးနွေးခဲ့ကြပါ သည်။

မေစင်စီး (Maesincee) သည် ယူကေနိုင်ငံရှိ ထိုင်းစီးပွားရေးလုပ်ငန်းများဆိုင်ရာအသင်းအဖွဲ့  (Association of Thai Businesses) မှ ကိုယ်စားလှယ်များနှင့်လည်းတွေ့ ဆုံခဲ့ပါသည်။ ၄င်းတို့ မှ ၀န်ဆောင်မှုဆိုင်ရာကဏ္ဍတွင် အထူးသဖြင့် ထိုင်းစားဖိုမှူးများ (Thai chefs) နှင့် အနှိပ်ရောဂါကုထုံးပညာရှင်များ (massage therapists) စသည့်ကျွမ်းကျင်သည့်ထိုင်းလုပ်သားများ မရှိကြောင်းတင်ပြအစီရင်ခံခဲ့ကြပါသည်။

ကုန်သွယ်ရေး ဒုဝန်ကြီးသည် နှစ်နိုင်ငံကြားပေါင်းစည်းဆောင်ရွက်ရေးကို တိုက်တွန်းနှိုးဆော်အားပေးရန်နှင့် နှစ်နိုင်ငံ အစိုးရများအား ထောက်ခံချက်များပေးရန် ရည်ရွယ်သည့် ထိုင်း-ယူကေ စီးပွားရေးခေါင်းဆောင်မှု ဆိုင်ရာ ကောင်စီ (Thai-UK Business Leadership Council) အတွက် လက်မှတ်ရေးထိုးသည့် အခမ်းအနား သို့ တက် ရောက်ခဲ့ပါသည်။ ကောင်စီမှ ပထမအကြိမ် နှစ်ပတ်လည်အစည်းအဝေးအား ထိုင်းနိုင်ငံ၌ စက်တင်ဘာလ သို့ မဟုတ် အောက်တိုဘာလ ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ကျင်းပရန်အတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

 

368778