Issue 55

လာအိုနိုင်ငံတွင် ထိုင်းနိုင်ငံထုတ်ကုန်များ လူသိများထင်ရှားလာစေရေးအတွက် ထိုင်းထိပ်တန်းကုန် အမှတ် တံဆိပ်များ ၂၀၁၆ ခုနှစ် (Top Thai Brands 2016) ဆိုသည့် ကုန်စည်ပြပွဲအား DITP မှကြီးမှူး၍ ဗီယန်ရှမ်းမြို့  (Vientiane) တွင် ဇွန်လ ၂၉ ရက်နေ့ မှ ဇူလိုင်လ ၃ ရက်နေ့ အထိပြုလုပ်ကျင်းပခဲ့ပါသည်။

ထိုင်းနိုင်ငံမှ လုပ်ငန်းရှင် ၂၁၂ ဦးသည် ထိုပြပွဲကြီးတွင် စားသောက်ကုန်နှင့် အဖျော်ယမကာ၊ အရသာ ဖြည့်စွက် စားမြိန်ရည်ဆော့များ၊ လတ်ဆတ်သည့် သီးနှံများ၊ အလှကုန် ပစ္စည်းများ၊ အိမ်အသုံးအဆောင် ပစ္စည်း များ၊ အားကစားကိရိယာပစ္စည်းများ နှင့် ဖက်ရှင်အလှကုန်ပစ္စည်းများ ကဲ့သို့ သော ထိုင်းနိုင်ငံထုတ်ကုန်များကို ပါဝင် ပြသထားရာ လာရောက်ကြည့်ရှုသူ ဧည့်ပရိသတ်ပေါင်း ၅၆,၀၀၀ ဦး ရှိခဲ့ပြီး ကုန်အမှာစာများမှ ခန့် မှန်းခြေ အမေရိကန် ဒေါ်လာ ၃.၄ မီလီယံ (ထိုင်းဘတ် ၁၂၅ မီလီယံ) ရရှိခဲ့ပါသည်။

DITP ညွှန်းကြားရေးမှူးချုပ် မာလီချော့လာမ်လာ့ (Malee Choklumlerd) ၏ပြောကြားချက်အရ လာအိုနိုင်ငံ သည် ထိုင်းစီးပွားရေးရင်းနှီးမြှပ်နှံမှုအား - အထူးသဖြင့် အော်ဂဲနစ်စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက်- ယခုထက် ပိုမို၍ မျှော်လင့်နေကြောင်းသိရှိရပါသည်။

ချော့လာမ်လာ့ (Choklumlerd) မှ "တတိယမြောက် ထိုင်း-လာအို ချစ်ကြည်ရေးတံတားအနီးမှာ တည်ရှိတဲ့ Ta Kaek အထူးစီးပွားရေးဇုံ က လာအိုအစိုးရကနေ နိုင်ငံခြားရင်းနှီးမြှပ်မှုတွေအတွက် အခွင့်အလမ်းတွေပေးထား တဲ့ အထူးစီးပွားရေးဇုံ ၁၁ ခုထဲက ဇုံတစ်ခုဖြစ်ပါတယ်" ဟုပြောပြပါသည်။

 

366030