Issue 54

လော့စ်အန်ဂျလိစ်မြို့ တွင်တည်ရှိသော DITP ရုံးရှိ ကိုယ်စားလှယ်များသည် ဇွန်လ ၁၂ ရက်မှ ၁၈ ရက် နေ့  အထိ အမေရိကန်နိုင်ငံတွင် ပြုလုပ်မည့် "Partnership With e-Commerce Companies" (အီး-ကုန်သွယ်ရေးကုမ္ပဏီများနှင့် မိတ်ဖက် လုပ်ငန်း ဆောင်ရွက်ခြင်း) အစီအစဉ်သို့ တက်ရောက်ရန် ထိုင်းစီးပွား ရေးလုပ်ငန်းရှင် ၃၆ ဦးအား ပို့ ဆောင်ပေးခဲ့ပါသည်။

ခရီးစဉ်အတွင်းတွင် Amazon.com၊ PayPal နှင့် Alphabet များကဲ့သို့ သော အမေရိကန်နိုင်ငံရှိ ထိပ်တန်း အီး-ကုန်သွယ်ရေး ကုမ္ပဏီကြီးသုံးခုရှိ ကိုယ်စားလှယ်များနှင့် Thaitrade.com တို့ ပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းအခြေအနေများကိုဆွေးနွေးခဲ့ကြပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ဒီတွေ့ ဆုံဆွေးနွေးတာက အရမ်းကိုအောင်မြင် ပါတယ်။ ဘာကြောင့်ဆိုရင် ထိုင်းလုပ်ငန်းက သူတို့ ရရှိခဲ့တဲ့ ဗဟုသုတတွေကို သူတို့ ရဲ့ အွန်လိုင်းစီးပွား ရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးချနိုင်တဲ့အတွက်ကြောင့်ပါပဲ" ဟုဆိုပါသည်။

ယခုနှစ်နှောင်းပိုင်းတွင် Thaitrade.com SOOK (Small Order OK) သည် ထိုင်းကုန်စည်များကို One Click, Double Online Revenue ပရိုဂရမ် မှတဆင့်ကြော်ငြာရန်အတွက် e-marketing (အွန်လိုင်း ဈေးကွက်ရှာဖွေရေး) အစီအစဉ်အား Amazon.com နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

369153