Issue 54

ဒုတိယ၀န်ကြီးချုပ် Somkid Jatusripitak သည် ကုန်သွယ်ရေးဝန်ကြီးငှာန၏ ဒုဝန်ကြီး Suvit Maesincee၊ အစိုးရငှာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ရွေးချယ်ထားသည့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါလျက် ဇွန်လ ၂၆ ရက် မှ ၃၀ ရက်နေ့ အထိ တရုတ်နိုင်ငံသို့ အစိုးရ၏တရားဝင် ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ခဲ့ပါသည်။

ဇွန်လ ၂၇ ရက်တွင် ရှန်ဟိုင်း၌ Thailand: Moving Forward to Sustainable Growth (ထိုင်းနိုင်ငံ: တည်တံ့ခိုင်မြဲသည့် ကြီးထွားတိုးတက်မှုအတွက်ရှေ့ သို့ ချီခြင်း) ဆို့ သည့်ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ သည့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာညီလာခံတွင် ရင်းနှီးမြှပ်နှံသူ ၅၀၀ ဦးအား "တရုတ်ရင်းနှီးမြှပ်နှံသူတွေ

ဒေသထဲကိုဝင်ဖို့  အတွက် ထိုင်းနိုင်ငံကို အဓိက ၀င်ပေါက်အဖြစ်အသုံးပြုပြီး အာဆီယံတိုင်းပြည် တွေ မှာ သူတို့ ရဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ စီးပွားရေးတွေတိုးချဲ့ ဖို့ အတွက် အချိန်ကောင်းပဲဖြစ်ပါတယ်" Jatusripitak မှ ပြောကြားခဲ့ပါသည်။

ထိုညီလာခံကြီးတွင် ထိုင်းနိုင်ငံတွင်ရင်းနှီးမြှပ်နှံမှုပြုခြင်းဖြင့် ရရှိနိုင်သည့်အခွင့်အလမ်းများ၊ အထူးသဖြင့် သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ (information and communication technology (ICT))၊ မော်တော်ကား၊ အီလက်ထရွန်နစ်၊ ခရီးသွားလုပ်ငန်း၊ တယ်လီကွန်မြူနကေးရှင်းဆိုင်ရာ ကိရိယာများ နှင့် စက်ပစ္စည်းများဆိုင်ရာကဏ္ဍများ၏ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအကြောင်းကို အဓိက အလေးထားတင်ပြဆွေးနွေးခဲ့ကြပါသည်။

အစိုးရမှတရားဝင်ထုတ်ပြန်ထားသော ကိန်းဂဏန်းအချက်အလက်များအရ ၂၀၁၀ ခုနှစ် နှင့် ၂၀၁၄ ခုနှစ်ကြားတွင် ထိုင်းအစိုးရမှ အတည်ပြုပေးခဲ့သည့် တရုတ်ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ပရောဂျက်ပေါင်း ၁၇၂ ခုရှိခဲ့ပြီး ထိုင်းဘတ် ၈၅.၂ ဘီလီယံတန်ဖိုးရှိပါသည်။ စက်ပစ္စည်း၊ မော်တော်ကား၊ ဆိုလာစဲလ် နှင့် car assembly ကဏ္ဍများတွင် အဓိကအများဆုံးရင်းနှီးမြှပ်နှံကြခြင်းဖြစ်ပါသည်။

 

369136