Issue 54

DITP မှ DEmark Award 2016 ဆုအတွက် နောက်ဆုံးစကာတင်စာရင်း ၀င်သူများ၏ ထုတ်ကုန် ပစ္စည်းများကို ပြသလိုသောရည်ရွယ်ချက်ဖြင့် DEmark Show 2016 အား ဇူလိုင်လ ၆ ရက် - ၉ ရက် နေ့ အထိ စိုင်ယမ်ပါရာဂွန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

Design-Driven Business (စီးပွားရေးအားတွန်အားပေးနေသောဒီဇိုင်း) ဆိုသည့် ခေါင်းစဉ်ဖြင့် ကျင်းပသော DEmark 2016 ပြပွဲတွင် ထိုင်းနိုင်ငံ၏ တီထွင်ဖန်တီးနိုင်စွမ်းသောစီးပွားရေး အကြောင်း ကို မီးမောင်းထိုးတင်ဆက်ထားပါသည်။ တချိန်တည်းမှာပင် စီးပွားရေးလုပ်ငန်းရှင်များအားလည်း ၄င်းတို့  ထုတ်လုပ်လိုက်သည့် ပစ္စည်းများနှင့် ပေးအပ်လျက်ရှိသည့်ဝန်ဆောင်မှုများတွင် တီထွင်ဖန်တီး မှု ဖြည့်စွက်ထည့်သွင်းခြင်း၏ အရေးပါပုံကို နားလည်သဘောပေါက်လာစေရန်ရည်ရွယ်သည်။ ဤသို့  ဖြင့် ၄င်း တို့  သည် ကမ္ဘာ့ဈေးကွက်အလယ်တွင် ဆက်လက်ယဉ်ပြိုင်ရပ်တည်နေနိုင်မည်ဖြစ်ပါတော့ သည်။

DITP ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Chantira Jimreivat Vivatrat မှ "DITP က ထိုင်းကုမ္ပဏီတွေနဲ့  ထိုင်းဒီဇိုင်နာတွေကို သူတို့ ထုတ်တဲ့ ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေမှာ လက်တွေ့ အသုံးဝင်တဲ့တီထွင် ဖန်တီးမှုတွေထည့်တာအပြင် အများနဲ့ မတူ၊ တမူထူးတဲ့ အမှတ်တံဆိပ်တွေ ဖန်တီးဖို့ အတွက် တိုက်တွန်းအားပေးနေပါတယ်" ဟုပြောပြပါသည်။

DEmark Award 2016 ဆုအတွက် လျှောက်လွှာရှင် ၃၃၀ ဦးထံမှတင်ပြသည့် ပစ္စည်းပေါင်း ၆၁၆ မျိုး ကိုလက်ခံရရှိခဲ့ပါသည်။ ဆု ဆွတ်ခူးရရှိသူများအား ဇူလိုင်လကုန်တွင် www.demarkaward.net ၌ ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ပါသည်။

 

368916