Issue 54

ဇွန်လ ၃၀ ရက်နေ့ ကထုတ်ပြန်လိုက်သည့် အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှု နှစ်စဉ်အစီရင်ခံစာ (annual Trafficking in Persons (TIP) report) တွင် ထိုင်းနိုင်ငံအား ၄င်း၏ လူကုန်ကူးမှု ကျူးလွန်သူများစာရင်းမှ ပယ်ဖျက်ပေးရန်အတွက်ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြပါရှိခဲ့ပါသည်။

အဆင့် ၂ စောင့်ကြည့်စာရင်း (Tier 2 Watch List) မှထိုင်းနိုင်ငံကို ပယ်ဖျက်ပေးလိုက်ခြင်းသည် ထိုင်းအစိုးရ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများအား အသိအမှတ်ပြုပေး လိုက်ခြင်းပင်ဖြစ်ပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "TIP လူကုန်ကူးမှု အစီရင်ခံစာမှာ ထိုင်းနိုင်ငံ ကိုအဆင့်မြင့်ပေးလိုက်တာက ဒီနှစ်ရဲ့ နှစ်ဝက်မှာ ထိုင်းရဲ့ အေးခဲပင်လယ်စာထုတ်ကုန် ပစ္စည်းတွေကို ယူအက်စ်၊ ဥရောပ နဲ့ အခြားနိုင်ငံခြားဈေးကွက်တွေကို ပိုပြီးတင်ပို့ နိုင်မဲ့ သဘောလို့ မျှော်လင့်ရပါ တယ်" ဟုသုံးသပ်ပြောကြားပါသည်။

 

369147