Issue 53

Xiamen ၌အခြေစိုက်ထားသည့် DITP ၏အစီရင်ခံစာအရ၊ ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံရှိ Fast Moving Consumer Goods (FMCG) ဈေးကွက်သည် ၄.၇% တိုးတက်လာခဲ့ကြောင်း နှင့် ဒေသတွင်းအမှတ်တံဆိပ် ဈေးကွက်သည် ၆.၂ %၊ အပြည်ပြည်ဆိုင်ရာအမှတ်တံဆိပ်ဈေးကွက်သည် ၃.၄ % တို့ ဖြင့် အသီးသီး တိုးတက် ကျယ်ပြန့် လာကြကြောင်းသိရှိရပါသည်။ တိုးတက်မှုနှုန်းအမြင့်မားဆုံးလုပ်ငန်းမှာ စားသောက်ကုန်နှင့် အဖျော် ယမကာလုပ်ငန်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် ဒေသတွင်းအမှတ်တံဆိပ်များကို အလေးပေးကြောင်း၊ ထို့ အတွက်ကြောင့် တရုတ်အမှတ်တံဆိပ်များမှာ ပိုမိုထင်ရှားလူကြိုက်များလာရခြင်းဖြစ်ကြောင်းနှင့် ဒေသတွင်း ဈေးကွက် ဝေစုကို ဆက်လက်၍ မြင့်မားစွာလွှမ်းမိုးချုပ်ကိုင်လျက်ရှိကြောင်း ဖြည့်စွက်တင်ပြထားပါသည်။

မည်သို့ ပင်ဆိုစေကာမူ၊ DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ တရုတ်နိုင်ငံတွင် ထိုင်းကုမ္ပဏီ များအတွက် အခွင့်အလမ်းမြောက်မြားစွာရှိနေကြောင်း ပြောဆိုပါသည်။

၎င်းမှ "တရုတ်လူမျိုးဖောက်သည်တွေရဲ့ အမူအကျင့်ကို သေသေချာချာနားလည် သဘောပေါက်ထားဖို့ လိုပါ တယ်။နောက်ပြီး ပစ္စည်းတွေကို ဖန်တီးထုတ်လုပ်၊ သင့်တော်တဲ့ ဈေးကွက်နည်းဗျူဟာကို အသုံးပြုပြီး သူတို့ ရဲ့  လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်ရပါမယ်။ ဒါ့အပြင်၊ ဒီဈေးကွက်ထဲမှာ အမှတ်တံဆိပ်ကို နားလည် သဘောပေါက်လာနိုင်ဖို့ အတွက်လည်း ဖန်တီးပေးနိုင်ရပါမယ်" ဟုဆိုပါသည်။

 

367538