Issue 53

ထိုင်း ကုမ္ပဏီများသည် အိန္ဒိယ အပါအ၀င် အခြားနိုင်ငံများနှင့် သဘောတူညီမှုရယူထားသည့် ကုန်သွယ်ရေး ကင်းလွတ်ခွင့် (free trade agreements (FTAs)) အားအသုံးပြု၍ ပြိုင်ဘက်များကို အနိုင်ယူကြရန် ကုန်သွယ်ရေးဝန်ကြီး Apiradi Tantraporn မှ ဇွန်လ ၂၀ ရက်နေ့ ကတိုက်တွန်းပြောကြားလိုက်ပါသည်။

ယခုအခါတွင် ထိုင်းနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ထားရှိသည့် ထိုင်း-အိန္ဒိယ ကုန်သွယ်မှုကင်းလွတ်ခွင့် သဘောတူညီမှု (Thailand-India Free Trade Agreement (TIFTA))၊ အာဆီယံ-အိန္ဒိယ ကုန်သွယ်မှု ကင်းလွတ်ခွင့် သဘောတူညီမှု (ASEAN-India Free Trade Agreement (AIFTA)) စသည့် FTAs နှစ်ခု၏ အကျိုးကျေးဇူးများကို ခံစားနေရပြီဖြစ်ပါသည်။

ယခုနှစ်၏ ပထမလေးလပတ်တွင် TIFTA အရ ထိုင်းပို့ ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၈၆.၇၀ မီလီယံ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်၏ ပထမလေးလပတ်ထက် ၁၃.၆၈ % ပိုလာပါသည်။ တစ်ချိန်တည်းမှာပင်၊ AIFTA အရ ပို့  ကုန်တင်ပို့ ခြင်းမှ အမေရိကန်ဒေါ်လာ ၅၈၁.၄၆ မီလီယံရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် အောက် ၅.၉၈% ကျဆင်းခဲ့ပါ သည်။

 

367531