Issue 53

Magdeburg မှ ဂျာမာန်စီးပွားရေး ကိုယ်စားလှယ်များသည် ထိုင်းနှင့် ဂျာမနီ နိုင်ငံ ကြား စီးပွားရေး နှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဆက်ဆံရေးတိုးတက်ခိုင်မာစေရန် ဇွန်လ ၃ ရက်နေ့ က် ဘန်ကောက်ရှိ DITP ရုံးသို့  လာရောက်လည်ပတ်ခဲ့ကြပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ဂျာမာန် ကိုယ်စားလှယ်တွေက ထိုင်းလုပ်ငန်းရှင်တွေ ကို ဂျာမနီနိုင်ငံမှာရှိတဲ့ Magdeburg နဲ့ အခြားမြို့ ကြီးတွေမှာ ကုန်သွယ်ရေးအခွင့်အလမ်းတွေကို ရှာဖွေကို ဖိတ်ခေါ်ကြတယ်။ ထိုင်းထုတ်ကုန်ပစ္စည်းတွေ တိုးတက်ဆန်းသစ်ဖို့ အတွက် ပူးပေါင်းဆောင်ရွက်လို ကြတယ်။ နောက်ပြီး ဒီပစ္စည်းတွေကို ဥရောပယူနီယံမှာ ဈေးကွက်တင်ရောင်းချလိုကြတယ်။ Magdeburg ဈေးကွက်မှာ အလားအလာရှိတဲ့ ပစ္စည်းတွေက ဒီဇိုင်းဆန်းတဲ့ လက်ရာပစ္စည်းလေးတွေနဲ့ အသက်ကြီးရင့်တဲ့ လူတွေအတွက် ၀န်ဆောင်မှုဆိုင်ရာပစ္စည်းတွေပါ" ဟုဆိုပါသည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း ထိုင်းနှင့် ဂျာမနီ နှစ်နိုင်ငံကြားအပြန်အလှန်ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေး လုပ်ငန်းများမှ တစ်နှစ်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ရရှိခဲ့ပါသည်။

 

367530