Issue 53

Thailand Trust Mark Sustainable Day (ထိုင်းနိုင်ငံ၏ယုံကြည်စိတ်ချရသည့်အမှတ်အသား အဓွန့်  ရှည် တည်ရေးနေ့ ) အား DITP မှ ဘန်ကောက်ရှိ S31 ဟိုတယ်တွင် ဇွန်လ ၂၀ ရက်နေ့ ကျင်းပပြုလုပ်ခဲ့ပါ သည်။ ကျင်းပရသည့်ရည်ရွယ်ချက်မှာ ဂုဏ်သတင်းကြီးမားကျော်စောလှသည့် Thailand Trust Mark (TTM) အား လျှောက်ထားရယူရန် စိတ်ပါဝင်စားကြသည့် ထိုင်းကုမ္ပဏီများအား လူမှုရေးတာဝန် ၀တ္တရားဆိုင်ရာ ကော်ပိုရေးရှင်း (Corporate Social Responsibility (CSR))၊ ပတ်ဝန်းကျင်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ ဗဟုသုတ အခြေအနေ များကို မျှဝေရန် အတွက်ဖြစ်ပါသည်။

အခမ်းအနားတွင် ထိုင်းနိုင်ငံ၏ ဒီဇိုင်းနှင့်တီထွင်ဆန်းသစ်မှုဆိုင်ရာပရိုမိုးရှင်း အဖွဲ့ အစည်း (Director of the Thailand Institute of Design and Innovation Promotion (DITP)) ၏ ဒါရိုက်တာဖြစ်သူ ML Kathathong Thongyai မှ "လက်ရှိမှာ TTM ကို ရရှိထားကြတဲ့ ကုမ္ပဏီပေါင်း ၆၇၅ ခုရှိပါတယ်။ အကြမ်းဖျင်း အနေနဲ့  ကုမ္ပဏီ တ၀က်လောက်က စားသောက်ကုန်လုပ်ငန်းဖြစ်ပြီး၊ တတိယ က lifestyle လုပ်ငန်း နဲ့  ကျန်တာကတော့ ၀န်ဆောင်မှုလုပ်ငန်းတွေဖြစ်ပါတယ်" ဟုဆိုပါသည်။

TTM သည်အပြည်ပြည်ဆိုင်ရာ အရည်အသွေးပြည့်မီသည့်ထုတ်ကုန် ပစ္စည်းများနှင့် ၀န်ဆောင်မှုများ၏အမှတ် သင်္ကေတဖြစ်ပြီး စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ အကြီးစားစက်မှုလုပ်ငန်း၊ lifestyle နှင့် ဖက်ရှင်လုပ်ငန်းမှသည် ဆေးဝါးပစ္စည်းများ နှင့် စပါထုတ်ကုန်ပစ္စည်းများအထိ ထူးကဲသာလွန်ကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်းများအားအတည်ပြုထားသည့် ထောက်ခံချက်ပင်ဖြစ်ပါသည်။ TTM အားလက်ခံရရှိနိုင်ရန် အတွက် လိုအပ်ချက်များမှာ ထုတ်လုပ်မှုအတွက် ISO 9001 နှင့် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေ သဟဇာ တဖြစ်သည့် လုပ်ငန်းများအတွက် 14001 များကဲ့သို့ သော နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေး ထောက်ခံချက်များ ရရှိထားရန်လိုအပ်ပါသည်။

 

367156