Issue 53

ကုန်သွယ်ရေးဝန်ကြီးငှာန၏ ဒုတိယ၀န်ကြီး Suvit Maesincee မှ From Thailand 4.0 to SMEs 4.0 ဆိုသည့် ခေါင်းစဉ်ဖြင့် ဘန်ကောက်မြို့ ကြီးရှိ Central World ဟိုတယ်၊ Centara Grand ခန်းမ ၌ ဇွန်လ ၂၁ ရက်နေ့ က ပြုလုပ်ကျင်း ပခဲ့သော Using State of People Scheme to Drive SMEs to Global Market (လူသားများ၏ စိတ်ကူး တွေးခေါ်ကြံစည်မှုအားဖြင့် SME လုပ်ငန်းများကို ကမ္ဘာ့ဈေးကွက်အလယ်သို့ ပို့ ဆောင်ခြင်း) နှီးနှော ဖလှယ်ပွဲတွင် မိန့် ခွန်းပြောကြားခဲ့ပါသည်။

ထိုင်း SMEs များအတွက် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး နှင့် ဈေးကွက်ရှာဖွေ ရေးဆိုင်ရာသင်တန်းပို့ ချ သင်ကြားပေးသည့် SMEs Genius Exporter programme (SMEs ဥာဏ်ကြီးရှင် တင်ပို့ သူ အစီအစဉ်) ပထမအဆင့်တွင် ပါဝင်တက်ရောက်ခဲ့သည့် သူ ၅၁ ဦးအားလည်း ဒုဝန်ကြီး Maesincee မှ လက်မှတ် (certificate) များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

DITP သည် SMEs လုပ်ငန်းများ၏ ပို့ ကုန်ကဏ္ဍအား ပံ့ပိုးကူညီရန်ရည်ရွယ်၍ တရုတ်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းများနှင့်တွဲဖက်ပေးမည့် အစီအစဉ်ပါဝင်သည့် ဤသင်တန်းအား စက်မှုလုပ်ငန်းဝန်ကြီး လက်အောက်ရှိ ကုန်ထုတ်လုပ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန နှင့် Krungthai ဘဏ်တို့ ၏ ပူးပေါင်းပါဝင်မှုအားများဖြင့် ကြီးမှူးကျင်းပ ခဲ့ခြင်းဖြစ်ပါသည်။

သင်တန်း၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်း၊ တကိုယ်ရေ စောင့် ရှောက် ရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများနှင့် ဆေးပစ္စည်းများ၊ ပရင့်မီဒီယာ၊ မော်တော်ကားလုပ်ငန်း၊ ကျန်းမာရေးဆိုင်ရာစီးပွားရေးလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း နှင့် စားသောက် ကုန်ပစ္စည်းများပြုပြင်ထုတ်လုပ် သည့်လုပ်ငန်း စသည့်ကဏ္ဍများမှ ပုဂ္ဂိုလ်များပါဝင်တက်ရောက်ခဲ့ကြပါသည်။

 

 

367576