Issue 52

DITP သည် ၅၈ ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲ (58th Bangkok Gems and Jewelry Fair (BGJF)) နှင့် Vicenzaoro များအား ကြော်ငြာရန်၊ သတင်းအချက်အလက် များအားဖလှယ်ရန် နှင့် ဆိုင်ခန်းချင်းဖလှယ်ရန် ရည်ရွယ်၍ Fiera di Vicenza နှင့် နီးကပ်စွာ လုပ်ငန်း များ ဆောင်ရွက်လျက် ရှိ သည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "DITP က အပြည်ပြည်ဆိုင်ရာ လက်ဝတ်ရတနာ ပြပွဲဖြစ်တဲ့ Vicenzaoro ကိုစီစဉ်ကျင်းပတဲ့ Fiera di Vicenza ကို စက်တင်ဘာလမှာ ကျင်းပမဲ့ ၅၈ ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲ (BGJF58) မှာပါဝင် ဖို့  အတွက် ဖိတ်ခေါ်ထားပါတယ်" ဟုဆိုပါသည်။

အီတလီနိုင်ငံမှ ကျောက်မျက်နှင့် လက်ဝတ်ရတနာလုပ်ငန်းအတွက် ထုတ်လုပ်ရေးပစ္စည်းကိရိယာ များပြုလုပ် သည့်စီးပွားရေးလုပ်ငန်းများသည် ၄င်းတို့ ၏ စီးပွားရေး လုပ်ငန်းများကို ထိုင်းနိုင်ငံတွင် ချဲ့  ထွင်နိုင်ရန်အတွက် မျှော်လင့်နေကြပြီး BGJF58 ၌ ပါဝင်ပြသရန် အတွက်စဉ်းစားနေကြကြောင်း Vicenzaoro ပွဲစီစဉ်သူမှ DITP အားပြောကြားပါသည်။

BGJF58 ပြပွဲကြီးအား ဘန်ကောက်၊ မွမ်ထုံထနီ၊ IMPACT ရှိ Challenger ခန်းမတွင် စက်တင်ဘာလ ၇ ရက် မှ ၁၁ ရက်နေ့ အထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။

 

368724