Issue 52

၅၈ ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲ (58th Bangkok Gems and Jewelry Fair (BGJF)) အားစိတ်ပါဝင်စားကြသည့် ကုမ္ပဏီများမှ ဆိုင်ခန်းနေရာအား ကြိုတင်မှာကြား ရယူနိုင်ရန် အတွက် DITP သည် ဘန်ကောက်၊ ကျောက်မျက်ကုန်သွယ်ရေးစင်တာ အဆောက်အဦး၌ ဇွန်လ ၆ ရက်မှ ဇူလိုင်လ ၁၅ ရက်နေ့ ထိ ရွှေ့ ပြောင်းနိုင်သည့်ရုံးခန်းအားဖွင့်လှစ်ထားရှိထားပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ကမ္ဘာအနှံ့ ဒေသကြီး ကိုးခုမှာရှိတဲ့ DITP ရုံး တွေက အခြားနိုင်ငံတွေက အဓိကတင်သွင်းသူတွေနဲ့ ဝယ်ယူသူတွေကို ဖိတ်ခေါ်ထားပါတယ်။ ကျောက်မျက်နဲ့  လက်ဝတ်ရတနာလုပ်ငန်းအတွက် အစိုးရရဲ့ ကုန်သွယ်ရေး နည်းဗျူဟာတွေက ပြပွဲကြီး အတွက် အကျိုးဖြစ် ထွန်းစေမယ်လို့  ပါဝင်ပြသမဲ့သူတွေက ယုံကြည်စိတ်ချကြတဲ့အတွက် ပြပွဲကြီးမှာ ပါဝင်ပြသကြမယ့်သူတွေကု မနှစ်ကထက် ၃၀% ပိုလာမယ်လို့ ခန့် မှန်းထားပါတယ်" ဟုဆိုပါသည်။

 

 

368754