Issue 52

ကုန်သွယ်ရေးဝန်ကြီးငှာန (The Ministry of Commerce (MoC)) မှ ဒေသတွင်း ကုန်သွယ်ရေး နှင့် ရင်းနှီး မြှပ်နှံမှု အခွင့်အလမ်းများ တိုးတက်လာစေရမည်ဟူသောရည်ရွယ်ချက်ဖြင့်၊ ထိုင်း နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံရှိ အစိုးရခေါင်းဆောင်များနှင့် ပုဂ္ဂလိက ကဏ္ဍများ၏ ဆက်ဆံရေးတိုးတက် ခိုင်မာလာစေရန် အစီအစဉ်နှစ်ရပ်ကို ကြီးမှူးကျင်းပခဲ့ပါသည်။

ကုန်သွယ်ဝန်ကြီးငှာန ဒုဝန်ကြီး Suvit Maesincee မှ နှစ်နိုင်ငံကြား စီးပွားရေးကွန်ယက်တည်ထောင် နိုင်ရန် ရည်ရွယ်၍ မေလ ၂၆ ရက်မှ ၂၈ ရက်နေ့ ထိ ကမ္ဘောဒီးယားနိုင်ငံ၊ အများပြည်သူနှင့် ပုဂ္ဂလိက ကဏ္ဍများရှိ ခေါင်းဆောင် ၁၀၀ ကျော်ကို ထိုင်းစီးပွားရေးသမားနှင့်တွေ့ ဆုံဆွေးနွေးနိုင်ရန်အတွက် ထိုင်းနိုင်ငံသို့  ဖိတ်ကြားခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်အချို့ သည် အစီအစဉ်ကို ထောက်ခံအားပေး သည့်အနေဖြင့် ဇိမ်ခံကားကြီးများ၊ ကြီးမားသည့် မော်တော်ဆိုင်ကယ်ကြီးများကို ကမ္ဘောဒီးယားနိုင်ငံမှ ထိုင်းနိုင်ငံသို့ မောင်းနှင် လာခဲ့ကြပါသည်။ မေလ ၂၈ ရက်နေ့ တွင် ဘန်ကောက်၊ ဒူးဆစ်ထနီ ဟိုတယ် (Dusit Thani Hotel) ၌ ကြီးကျယ်ခမ်းနားသည့် ညစာစားပွဲဖြင့် တည်ခင်းဧည်ခံခဲ့ပါသည်။

စီးပွားရေး၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှပ်နှံမှု ဆိုင်ရာကဏ္ဍများအပေါ်ထားရှိသည့် သဘောထားအမြင် များကို ဖလှယ်ရန်ရည်ရွယ်၍ ၀န်ကြီးငှာနသည် Executive Programme (စီမံခန့် ခွဲရေးကဏ္ဍဆိုင်ရာ အစီအစဉ်) အား၂၀၁၆ ခုနှစ်၊ ဇူလိုင်လ မှ သြဂုတ်လ အထိပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံများရှိ အစိုးရငှာနများနှင့် အထင်ကရ ကုမ္ပဏီကြီးများမှ အဓိက တာဝန်ရှိ executive ပုဂ္ဂိုလ် ၆၀ ဦးအား နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် အတွက်ဖိတ်ကြားထားပါသည်။

 

 

386851