Issue 52

ကုန်သွယ်ရေးဝန်ကြီး Apiradi Tantraporn သည် ကမ္ဘာအနှံ့ ရှိ DITP ရုံးများအား ထိုင်းပို့ ကုန်ပမာဏ ကို ယခုနှစ် နှစ်ဝက်တွင် တိုးမြှင့်နိုင်ရန်အတွက် ၄င်းတို့ ၏ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှဖြင့် အကောင်းဆုံး ဆောင်ရွက်ကြရန် မိန့် ကြားလိုက်ပါသည်။

"ကျွန်မတို့ က အထူးသဖြင့် ဒီဇိုင်း၊ ဒီဂျစ်တယ်ပစ္စည်းနဲ့ အန်နီမေးရှင်းတို့ လိုမျိုး တန်ဖိုးမြင့်ဝန်ဆောင် ပစ္စည်းတွေဖြစ်တဲ့ ထိုင်းထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ တင်ပို့ ရောင်းချတာကို မြင့်တင်ဖို့ အပြင် နိုင်ငံ

ပြင်ပ ကနေတိုက်ရိုက်ဝင်လာတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြင့်ဖို့ အတွက်လည်း ရှေးရှုဆောင်ရွက် နေပါ တယ်" ဟု Tantraporn မှ မေလ ၂၆ ရက်ကပြောကြားပါသည်။

ထိုင်းကုန်အမှတ်တံဆိပ်များကို သိရှိလာစေရန်အတွက် လာအိုနိုင်ငံတွင် Top Thai Brands (ထိုင်းထိပ်တန်း ကုန်အမှတ်တံဆိပ်များ)၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံများတွင် Mini Thailand Week (ထိုင်းနိုင်ငံ အသေးစား ရက်သတ္တပတ်) များကဲ့သို့  သော ကုန်စည်ပြပွဲများ ကျင်းပ ခြင်းဖြင့် အာဆီယံနိုင်ငံများတွင်း၌ ထိုင်းစီးပွားရေးလုပ်ငန်းများထိုးဖောက် ၀င်ရောက်နိုင်ရန် ၀န်ကြီးငှာနမှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၂၀၁၆ ခုနှစ် ပထမလေးလအတွင်း ထိုင်းနိုင်ငံ၏ပို့ ကုန်တန်ဖိုးသည် ၁.၂၄ % နှင့် အမေရိကန်ဒေါ်လာ ၆၉.၃၇ ဘီလီယံသို့ ကျဆင်းခဲ့ပါသည်။ သို့ သော်၊ MoC မှ ၄င်း၏ နှစ်တစ်နှစ်ရည်မှန်းချက်ဖြစ်သည့် တိုးတက်မှု ၅ % အား ဆက်လက်ချမှတ်ထားရှိခဲ့ပါသည်။

 

 

368724