Issue 52

DITP သည် မေလ ၂၆ ရက်နေ့ တွင် ဘန်ကောက်၊ Emerald ဟိုတယ်၌ ASEAN at the One Stop Export Service Centre OSEC Clinic 2016 ဆိုသည့် ဟာလာဈေးကွက်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအား ကြီးမှူးကျင်းပ ပေးခဲ့ပါသည်။

DITP ၏လက်ထောက်ညွှန်ကြားရေးမှူးချုပ် Matyawongse Amatyakul မှ ထိုင်းစီးပွားရေးလုပ်ငန်း များသည် အရည်အသွေးကောင်းမွန်သည့် ဟာလာကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန်အတွက် ဟာလာကုန်ပစ္စည်းများနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာမှ တရားဝင်အသိအမှတ်ပြုထားသော စည်းမျဉ်းဥပဒေများကို နားလည် ထား ရန်လိုအပ်ကြောင်း ပြောကြားပါသည်။

DITP ၏အချက်အလက်များအရ ထိုင်းနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အစ္စလမ်မစ် ညီလာခံအဖွဲ့ အစည်း တွင် ပါဝင်သည့် တိုင်းနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၆ ဘီလီယံတန်ဖိုးရှိ ဟာလာစားသောက်ကုန် များကို တင်ပို့  ရောင်းချနိုင်ခဲ့ကြောင်းနှင့် ယခင်နှစ်ထက် ၁၂.၅% တိုးတက်လာကြောင်းသိရှိရပါသည်။ အဓိကတင်ပို့ သည့် စားသောက်ကုန်များတွင် ဆန်၊ သကြား၊ နှင့် ပြုပြင်စီမံထားသော ပင်လယ်စာ စည်သွတ်ဗူးများပါဝင်ပါသည်။

 

368743