Issue 52

DITP နှင့် ထိုင်းဟိုတယ်နှင့်ဧည့်ဝတ် စီမံခန့် ခွဲရေးအဖွဲ့ (Thai Hotel and Hospitality Management Association) မှကြီးမှူး၍ ထိုင်းနှင့်မြန်မာ နိုင်ငံများရှိ ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေကြသော ကုမ္ပဏီများ အတွက် စီးပွားရေးလုပ်ငန်း တွဲဖက်ပေးသည့်ဆောင်ရွက်မှုများကို

မေလ ၁၀ ရက်နေ့ မှ ၁၃ ရက်နေ့ ထိ ရန်ကုန်မြို့ နှင့် မန္တလေးမြို့ များတွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားသို့  ဟိုတယ်ပိုင်ရှင်များ၊ ဟိုတယ်စီမံခန့် ခွဲရေးကဏ္ဍအတွက် ၀န်ဆောင်ပေးသူများ၊ ဟိုတယ် ဆိုင်ရာ အထောက်အကူနှင့် ကုန်ပစ္စည်းများအား ပံ့ပိုးပေးအပ်သူများအပါအ၀င် ထိုင်းစီးပွားရေး လုပ်ငန်းရှင် တစ်ဆယ့်ကိုးဦး နှင့် မြန်မာနိုင်ငံမှ ဟိုတယ်ပိုင်ရှင်များ၊ အိမ်ခြံမြေအကျိုးဆောင်များ နှင့် ကုန်သွယ်ရေး ကုမ္ပဏီများမှ လူပုဂ္ဂိုလ်ပေါင်း ၂၃၁ ဦးတက်ရောက်ခဲ့ကြပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "(စီးပွားရေးလုပ်ငန်း) တွဲဖက်ပေးတဲ့ ဆောင်ရွက်မှုက ကြီးမားတဲ့ အောင်မြင်မှုဖြစ်ခဲ့ပါတယ်။ မြန်မာဟိုတယ် စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ ရဲ့ ဟိုတယ်လုပ်ငန်း တွေလည်ပတ်နိုင်ဖို့ အတွက် စီးပွားရေးမိတ်ဖက်တွေကို ရှာဖွေနေကြသလို၊ တစ်ချို့ ဆိုရင် ထိုင်းကုမ္ပဏီတွေနဲ့  စပြီးဆွေးနွေးညှိနှိုင်းတာတွေကို လုပ်နေကြပြီဖြစ်ပါတယ်။ ထိုင်းဟိုတယ်တွေအတွက် အသုံးအဆောင်ပစ္စည်း တွေထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း ရန်ကုန်မှာ ပြခန်းတွေဖွင့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့  မြန်မာနိုင်ငံမှာ သူတို့ ရဲ့ ပစ္စည်းတွေကို ဖြန့် ဖြူး ပေးနိုင်မဲ့လူတွေကို ရှာဖွေနေကြပါတယ်" ဟုပြောပြပါသည်။

 

 

368734