Issue 51

၅၈ ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့်လက်ဝတ်ရတနာပြပွဲကြီးသို့  ပြပွဲပြသသူများကို ဖိတ်ခေါ်မည့် HKJJA

DITP သည် ဟောင်ကောင်ရှိ ဟောင်ကောင်လက်ဝတ်ရတနာနှင့်ကျောက်စိမ်းထုတ်လုပ်သူများအဖွဲ့  (Hong Kong Jewelry & Jade Manufacturers Association (HKJJA)) အား ဟောင်ကောင်ရှိ ပြပွဲပြသသူများနှင့် ဧည့်သည်များကို ၅၈ ကြိမ်မြောက်ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကြီးသို့ ဖိတ်ခေါ်ရန် အတွက် DITP ၏ ကိုယ်စားလှယ်အဖြစ်ခန့် အပ်လိုက်ပါသည်။

ဘန်ကောက်၊ IMPACT မွမ်ထုံထနီ၊ ချဲလန်းဂျာခန်းမ (Challenger Hall) တွင် စက်တင်ဘာလ ၇ ရက်မှ ၁၁ ရက်နေ့ အထိ ပြုလုပ်ကျင်းပမည့် အဆိုပါပြပွဲကြီးသို့  ဟောင်ကောင်ရှိ ပြပွဲပြသသူ ၄၀ ဦးမှ ပါဝင်ပြသရန် မျှော်မှန်းထားပါသည်။

မေလ ၁၉ ရက်နေ့ တွင် DITP ၏ညွှန်ချုပ် Malee Choklumlerd မှ "ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ DITP ရုံးတွေက တက်တက်ကြွကြွနဲ့ ပြပွဲကြီးကို လူတွေသတိပြုမိလာအောင် ဆောင်ရွက်နေကြပါပြီ။ နောက်ပြီး ဦးတည် လျာထားတဲ့ဈေးကွက်တွေက ၀ယ်ယူသူတွေ၊ သွင်းကုန်လုပ်ငန်းရှင်တွေနဲ့  ပြပွဲပြသသူတွေဆီကလည်း အပြု သဘောဆောင်တဲ့ တုံ့ ပြန်မှုတွေကို ရရှိထားပါတယ်" ဟုပြောကြားပါသည်။

၅၈ ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်နှင့်လက်ဝတ်ရတနာပြပွဲအတွက် ဆိုင်ခန်းနေရာကြိုတင်မှာယူ လိုပါက ကျေးဇူးပြု၍ ဖုန်းနံပါတ် +66 2507 8392-3အားဆက်သွယ်ပါ၊ သို့ မဟုတ် အီးမေး This email address is being protected from spambots. You need JavaScript enabled to view it. သို့ ရေးသားဆက်သွယ်နိုင်ပါသည်။

 

 

369045