Issue 51

ထိုင်းစီးပွားရေးလုပ်ငန်းများသည် အမေရိကန်နိုင်ငံရှိ ၀ယ်လိုအားမြင့်မားသော စပိန်စကားပြော စားသုံးသူများ အား ပိုမိုအာရုံထားသင့်ကြောင်း ကုန်သွယ်ရေးဝန်ကြီးငှာန ၀န်ကြီး Apiradi Tantraporn မှ မေလ ၂၃ ရက်နေ့  တွင်ပြောကြားလိုက်ပါသည်။

ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ ဤဈေးကွက်အားထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် DITP မှ Thailand's Next Big Opportunity: The US Hispanic Market at THAIFEX 2016 ဆိုသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေး ညှိနှိုင်းပွဲအား မေလ ၂၆ ရက်နေ့ ကကျင်းပပြုလုပ်ပေးခဲ့ပါသည်။ စပိန်စကားပြော (Hispanic) စားသုံးသူများ၏ ၀ယ်လိုအား၊ ကုန်ပစ္စည်းရောင်းချနိုင်မည့် လမ်းကြောင်းများ နှင့် ထိုင်းကုန်စည်များအတွက် အခွင့်အလမ်းများ ဆိုင်ရာ သတင်းအချက်အလက်များကိုမျှဝေပေးရန် ရည်ရွယ်ရင်းဖြစ်သည်။ စပိန်စကားပြော စားသုံးသူ ဈေးကွက် အား အဓိအားဦးတည်သည့် အမေရိကန်နိုင်ငံရှိ စားသောက်ကုန်ဖြန့် ဖြူးရောင်းချ သူများနှင့် ထိုင်း စီးပွားရေးလုပ်ငန်းများ အကြား လိုက်ဖက်သည့်စီးပွားရေးလုပ်ငန်းများ ကိုက်ညီသည့် business matching ဆောင်ရွက်မှုများကိုလည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

အမေရိကန်နိုင်ငံတွင် စပိန်စကားပြောစားသုံးသူဦးရေသည် ၅၅ သန်းရှိပြီး၊ သက္ကရာဇ် ၂၀၅၀ ခုနှစ်တွင် လူဦးရေ ၁၂၇ သန်းသို့ ရောက်ရှိနိုင်မည်ဟု ခန့် မှန်းနေကြပြီး စုစုပေါင်းလူဦးရေ၏ ၂၉ % မျှရှိမည်ဖြစ်ပါသည်။

 

 

368956