Issue 51

၂၀၁၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံရှိ ဇိမ်ခံ ပစ္စည်းဈေးကွက်သည် ၃၀% ထက်ပိုမိုကြီးထွားလာလိမ့်မည်ဖြစ်ကြောင်း ခန့် မှန်း ပြောဆိုနေကြပါသည်။ မွမ်ဘိုင်းမြို့ ရှိ DITP ၏အစီရင်ခံစာအရ accessories နှင့် လက်ပတ်နာရီ၏ ဈေးကွက်တန်ဖိုး ၄၇% နှင့်အတူ လက်ရှိ ဇိမ်ခံ ပစ္စည်းဈေးကွက်သည် လက်လီဈေးတစ်ခုလုံး၏ ၁၀% ရှိ ကြောင်းသိရပါသည်။

အိန္ဒိယနိုင်ငံ၏ဇိမ်ခံ ပစ္စည်းဈေးကွက်သည် ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော် တန်ဖိုး ရှိလာမည်ဖြစ်သလို၊ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ပဉ္စမအကြီးမားဆုံး ဇိမ်ခံပစ္စည်းဈေးကွက် ဖြစ်လာမည်ဖြစ်ကြောင်း ထင်မြင်သုံးသပ်နေကြပါသည်။

DITP ညွှန်ချုပ် Malee Choklumlerd မှ "ထိုင်းလုပ်ငန်းရှင်အနေနဲ့ လူငယ်တွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေဝယ်ယူ သုံးစွဲနိုင်ကြတဲ့ဖောက်သည်တွေကို ကုန်အမှတ်တံဆိပ် သိလာအောင်၊ ပိုပြီးသေးငယ်တဲ့မြို့ တွေကို ပစ္စည်းတွေ ဖြန့် တာတွေနဲ့ ဆိုရှယ်မီဒီယာတွေသုံးပြီးဝယ်ယူသူဖောက်သည်တွေဆီကိုအရောက်သွားတာတွေ လုပ်သင့်ပါ တယ်" ဟု မေလ ၂၉ ရက်နေ့ ကဆိုပါသည်။

 

 

369132