Issue 51

သုံးနှစ်အတွင်း ထိုင်းနိုင်ငံ၏အွန်လိုင်း B2B ဈေးဖြစ်သည့် Thaitrade.com သည် အွန်လိုင်း ကုန်သွယ်မှုမှ တဆင့် အမေရိကန်ဒေါ်လာ သန်း ၁၄၀ (ထိုင်းဘတ် ၅ ဘီလီယံ) ရရှိရန်နှင့် ထိုင်း အသေးစားနှင့် အလတ်စားလုပ်ငန်း (Thai SMEs) ၁၅,၀၀၀ ၀န်းကျင်အား အွန်လိုင်းမားကက်တင်း နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို လေ့ကျင့်သင်ကြားပေးနိုင်ရန် ကုန်သွယ်ရေးဝန်ကြီးငှာနမှ မျှော်လင့်နေပါသည်။

ကုန်သွယ်ရေးဝန်ကြီးငှာန၀န်ကြီး Apiradi Tantraporn မှ "Thaitrade.com က ကမ္ဘာ့ကုန်သွယ်ရေး ဦးတည်လမ်းကြောင်းတွေနဲ့  ဆိုင်တဲ့ အကြောင်းအရာတွေကို သုံးသပ်လေ့လာနိုင်မဲ့ ကုန်သွယ်ရေးဒေတာဘေ့စ် ပေါ်ပေါက်လာဖို့ အတွက် အလီဘာဘာအုပ်စု၊ ဟောင်ကောင်ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးကောင်စီ (Hong Kong Trade Development Council) နဲ့  ကိုရီးယားအပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးအဖွဲ့ အစည်း (Korean International Trade Association) တွေအပါအ၀င် မိတ်ဖက်အဖွဲ့ အစည်းတွေနဲ့ အီး-ကုန်သွယ်ရေးလုပ်ငန်း မှာပါဝင်ဆောင်ရွက်နေပါတယ်" ဟု မေလ ၂၂ ရက်နေ့ ကဆိုပါသည်။

၂၀၁၁ ခုနှစ်တွင်စတင်ခဲ့သည့် Thaitrade.com သည် ယခုအခါတွင် ရောင်းချသူ ၁၈,၃၅၈ ဦး နှင့် ၀ယ်ယူသူ ၉၇,၆၇၆ ဦးပါဝင်သည့် အဖွဲ့ ဝင်ပေါင်း ၁၁၆,၀၃၄ ဦးရှိနေပြီဖြစ်ပြီး၊ ရောင်းချသည့်ကုန်ပစ္စည်းပေါင်း ၂၄၀,၀၀၀ ကျော်ရှိနေပြီဖြစ်ပါသည်။ အများဆုံးရောင်းချသည့် ကုန်များမှာ အစားအသောက်နှင့်အဖျော်ယမကာ၊ အ၀တ်အထည်များ၊ အလှကုန် ပစ္စည်းများ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများနှင့် လက်မှု အနုပညာပစ္စည်းများ၊ ပရိဘောဂများဖြစ်ကြပြီး၊ အများဆုံးဝယ်ယူအားပေးကြသည့်နိုင်ငံများ အိန္ဒိယ၊ တရုတ်၊ အမေရိကန်နှင့် ပါကစ္စတန် နိုင်ငံများဖြစ်ကြပါသည်။

 

 

368786