Issue 50

ဘန်ကောက်၊ စင်ထရယ်ပလာဇာ လတ်ပရာအို (Central Plaza Ladprao) ရှိ စင်တာရာဂရန်း (Centara Grand) တွင် ဧပြီလ ၈ ရက်နေ့ ၌ DITP နှင့် ကုန်သွယ်မှုစေ့စပ်ညှိုနှိုင်းရေးငှာန (Department of Trade Negotiations (DTN)) များမှကြီးမှူးကျင်းပသည့် စီးပွားရေးလုပ်ငန်းလိုက်ဖက်ညီမှုအားကိုက်ညီပေးသည့်အခမ်းအနားသို့  ချီလီနိုင်ငံသားပိုင် ကုမ္ပဏီ တစ်ဆယ့်နှစ်ခု နှင့် ထိုင်းကုမ္ပဏီ ၃၅ ခုတို့ မှတက်ရောက်ခဲ့ကြပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ချီလီနိုင်ငံသား တင်သွင်းသူတွေက အစားအသောက်နဲ့  အဖျော်ယမကာ၊ စပါထုတ်ကုန်တွေ၊ အလှကုန် ပစ္စည်းတွေ၊ အ၀တ်အထည်နဲ့ ပရိဘောဂတွေ စတဲ့ ထိုင်းထုတ်ကုန် တွေကို အရမ်းကို စိတ်ဝင်စားကြတယ်။ တစ်နှစ်ဆိုတဲ့အချိန်အတွင်းမှာ ရောင်းချနိုင်မဲ့ကဏ္ဍကနေ အမေရိကန် ဒေါ်လာ ၁၀ သန်း (ထိုင်းဘတ် ၃၅၀ သန်း) ရရှိနိုင်ဖို့ မျှော်မှန်းထားပါတယ်" ဟုဆိုသည်။

၂၀၁၅ ခုနှစ် နိုင်ဝင်ဘာလမှစ၍ စတင်သက်ဝင်ခဲ့သည့် ထိုင်းနိုင်ငံနှင့် ချီလီနိုင်ငံတွင်း ကုန်သွယ်မှုကင်းလွတ်ခွင့် (free trade agreement (FTA)) ကို အခွင့်ကောင်းရယူရန် ထိုင်းစီးပွားရေးလုပ်ငန်းများကို DITP မှတိုက်တွန်း အားပေးလျက်ရှိပါသည်။ ကုန်သွယ်မှုကင်းလွတ်ခွင့်သည် အထူးသဖြင့် မော်တော်ကားများနှင့်အပိုပစ္စည်းများ၊ ငါး စည်သွတ်ဗူး၊ ဓာတုဒြပ်ပေါင်းပေါ်လီမာများ၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ရာဘာနှင့် ရာဘာ ထုတ်ကုန်များ နှင့် လက်ဝတ်ရတနာများ တင်ပို့ ရောင်းချခြင်းများအား အထောက်အကူဖြစ်စေပါသည်။

၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ချီလီနိုင်ငံသို့ ပစ္စည်းများတင်ပို့ ရောင်းချသည့်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၁၂.၂၄ သန်း ရှိပြီး ချီလီနိုင်ငံမှပစ္စည်းများတင်သွင်းသည့်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈၂.၆၈ သန်းရှိခဲ့ပါသည်။

 

 

368772