Issue 50

ထိုင်းနိုင်ငံမှ ဟောင်ကောင်အစိုးရနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းအားတိုးမြင့်ခြင်းဖြင့် အာဆီယံ- ဟောင်ကောင် ကုန်သွယ်မှုကင်းလွတ်ခွင့် (ASEAN-Hong Kong Free Trade Agreement (FTA)) အကျိုးကျေးဇူးကို ရယူသင့်ကြောင်း DITP ၏ ညွှန်ချုပ် Malee Choklumlerd မှ မေလ ၁၀ ရက်နေ့ တွင် ပြော ကြားပါသည်။

ညွှန်ချုပ်၏ပြောကြားချက်အရ ဟောင်ကောင်မှ စီးပွားရေးလုပ်ငန်းများသည် ၄င်းတို့ ၏ထုတ်လုပ်မှု အခြေစိုက်များ ကို တရုတ်နိုင်ငံမှ အာဆီယံနိုင်ငံများသို့  ပြောင်းရွှေ့ နေရာချနေကြသည့်အတွက် ထုတ်လုပ်မှုဆိုင်ရာမိတ်ဖက်များ ကိုရှာဖွေလျက်ရှိကြကြောင်း သိရှိရပါသည်။

"ကျွန်မတို့ တွေက ရိုဘော့တစ်၊ ရုပ်ရှင် နဲ့ ဖက်ရှင် အစရှိတဲ့ ထူးခြားမှုရှိတဲ့လုပ်ငန်းတွေကို ခွဲခြားရွေးထုတ်သင့်ပါ တယ်။ ထိုင်းနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆိုင်တဲ့ကျွမ်းကျင်မှုတွေရှိသလို ဟောင်ကောင်ကလည်း ဈေးကွက်ကို ဘယ်လိုချဲ့ ရမလဲဆိုတာကို ကောင်းကောင်းနားလည်တတ်ကျွမ်းကြတယ်။ ဒါက ထိုင်းစီးပွားရေးလုပ်ငန်းတွေ အတွက် အရမ်းကောင်းတဲ့အခွင့်အရေးကြီးပါ" ဟု Choklumlerd မှပြောပြပါသည်။

 

368949