Issue 50

ကမ္ဘောဒီးယားလူမျိုးများ၏ပြောင်းလဲလာနေသည့် လူနေမှုပုံစံမှ အကျိုးကျေးဇူးရရှိနိုင်ရန်အတွက် ၄င်းတို့ ၏ စီးပွားရေးလုပ်ငန်းများကို ကမ္ဘောဒီးယားနိုင်ငံသို့ ချဲ့ ထွင်ရန်အတွက် ထိုင်းစားသောက် ကုန် လုပ်ငန်းလုပ်ပိုင်ခွင့် ရယူဆောင်ရွက်သည့်စီးပွားရေးလုပ်ငန်းများ (Thai food franchises) အားတိုက်တွန်းနှိုးဆောင်လျက်ရှိပါသည်။

ကမ္ဘောဒီးယားနိုင်ငံ၏မြို့ တော် ဖနွမ်းပင်တွင် မေလ ၆ ရက်နေ့ ၌ ၀န်ကြီးအကျိုးတော်ဆောင်အတိုင်ပင်ခံပုဂ္ဂိုလ် (ကုန်သွယ်ရေး) Jiranun Wongmongkol မှ လုပ်ငန်းလုပ်ပိုင်ခွင့်ရယူဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများ သည် ကမ္ဘောဒီးယားနိုင်ငံ၌ လူသိများကျော်ကြားနေကြောင်း၊ နိုင်ငံအတွင်းလျင်မြန်စွာတိုးတက်ဖြစ်ပေါ်လာနေ သည့် မြို့ ကြီးပြကြီးများနှင့် မကြာခဏအပြင်ထွက်စားသောက်လေ့ရှိကြသည့် ကမ္ဘောဒီးယားလူငယ်လူရွယ်များ၏ လူနေမှုဘ၀ပုံစံကို ကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါသည်။ နိုင်ငံရပ်ခြားမှ လာရောက်လည်ပတ်ကြသူ များကြောင့်လည်း ၀ယ်လိုအားမြင့်တက်ရခြင်းဖြစ်ပြီး၊ ၄င်းတို့ သည် လုပ်ငန်းလုပ်ပိုင်ခွင့်ရယူဆောင်ရွက်ကြသည့် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးကျွမ်းဝင်ကြသူများဖြစ်ကြပါသည်။

Wongmongkol မှ "ထိုင်းအစားအစာက ကမ္ဘောဒီးယားလူမျိုးတွေနဲ့ နိုင်ငံခြားသားတွေရဲ့ အလယ်မှာ လူသိများ ထင်ရှားတဲ့ အစားအစာဖြစ်တဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံမှာ ထိုင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရယူဆောင်ရွက်တဲ့ စီးပွားရေးလုပ်ငန်း (Thai franchise) တွေအတွက် နောက်ထပ်အခွင့်အရေးကြီးပဲဖြစ်ပါတယ်" ဟုဆိုပါသည်။

 

 

369147